ထိုင်းတွင် အကျင့်ပျက်နိုင်ငံရေးသမားများအား ထောင်ဒဏ်နှင့် နိုင်ငံရေးလုပ်ခွင့်တစ်သက်လုံး ပိတ်ရန် အဆိုပြု

ထိုင်းတွင် အကျင့်ပျက်နိုင်ငံရေးသမားများအား ထောင်ဒဏ်နှင့် နိုင်ငံရေးလုပ်ခွင့်တစ်သက်လုံး ပိတ်ရန် အဆိုပြု

ပါတီထူထောင်ထားသည့် နိုင်ငံရေးသမားများအနေဖြင့် အကျင့်ပျက်ခြစားမှုများ ကျူးလွန်ကြောင်း တွေ့ရှိပါက နိုင်ငံရေးလုပ်ခွင့် တစ်သက်သာ ပိတ်ပင်ခံရမှုအပြင် ထောင်ဒဏ်ပါ ချမှတ်သင့်ကြောင့် ထိုင်းအမျိုးသားဥပဒေပြုလွှတ်တော် (NLA) ဒုဥက္ကဋ္ဌ ပီယာဆတ်ပိုချစ်က ဇူလိုင် ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ခြစားမှုပြဿနာအား ပြင်းထန်သည့် ပြစ်ဒဏ်များနှင့်ဖြေရှင်းနှိမ်နှင်းရန် လိုအပ်ကြောင်း ပီယာဆက်က ပြောကြားသည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအဖွဲ့ (CDC) အနေဖြင့် အကျင့်ပျက် နိုင်ငံရေးသမားများအား နိုင်ငံရေးလုပ်ခွင့် တစ်သက်တာ ပိတ်ပင်သွားရန်အစီအစဉ်ကိုလည်း ပီယာဆတ်က ကြိုဆိုခဲ့သည်။

နိုင်ငံရေးသမားအချို့သည် နိုင်ငံတာဝန်ကို စတင်ထမ်းဆောင်ချိန်တွင် မိမိတို့ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာရန် ပျက်ကွက်ခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခြင်းသည် မတရားသည့် နည်းလမ်းဖြင့် ပစ္စည်းဥစ္စာများကို ဖုံးကွယ်ထားရန်ဖြစ်ကြောင်း ပီယာဆတ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly