မြောက်ကိုရီးယား၏ တရုတ်သို့ ကျောက်မီးသွေးတင်ပို့မှုအပေါ် ပစ်မှတ်ထားလျက် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့

မြောက်ကိုရီးယား၏ တရုတ်သို့ ကျောက်မီးသွေးတင်ပို့မှုအပေါ် ပစ်မှတ်ထားလျက် ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့

ပြံုယမ်း၊ ဒီဇင်ဘာ ၁ ။            ။ တရုတ်နိုင်ငံသို့ ကျောက်မီးသွေး တင်ပို့မှုအပေါ် ပစ်မှတ်ထားပြီး ကုလသမဂ္ဂက မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တစ်ရပ်အား ချမှတ်သည်။

အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုအရ မြောက်ကိုရီးယားနိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှု ၆၀ ရာခိုင်နှုန်းနီးပါးကို ပိတ်ဆို့ဖြစ်စေမည်။

စက်တင်ဘာလအတွင်း ငါးကြိမ်မြောက်နှင့် အကြီးဆုံး နျူကလီးယား စမ်းသပ်မှုအား မြောက်ကိုရီးယားက ပြုလုပ်ပြီးနောက် အမေရိကန်နှင့် လများစွာ စေ့စပ်ညှိနှိုင်းမှုများဖြင့်တရုတ်က ယင်းဒဏ်ခတ် ပိတ်ဆို့မှုသစ်အပေါ် သဘောတူခဲ့သည်။

ကြေးနီ၊ နီကယ်၊ ငွေ၊ ဇင့် တင်ပို့မှုများနှင့် ရုပ်ထုတင်ပို့ရောင်းချခြင်းများကိုလည်း တားမြစ်ဒဏ်ခတ်သည်။ ယခုဒဏ်ခတ်ပိတ်ဆို့မှုကို လုံခြံုရေးကောင်စီက တစ်ညီတစ်ညွတ်တည်း သဘောတူခဲ့သည်။

အထီးကျန် မြောက်ကိုရီးယားနိုင်ငံကို အဓိကမဟာမိတ်နိုင်ငံသော တရုတ်နိုင်ငံက သံတမန်ရေးရာအရ အစဉ်လိုပင် အကာအကွယ်ပေးခဲ့ရာမှ မြောက်ကိုရီးယား၏ လုပ်ရပ်များကို သည်းခံနိုင်မှု   လျော့နည်းလာခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကြောင့် ၂၀၀၆ ခုနှစ်မှစပြီး ကုလသမဂ္ဂ၏ ဒဏ်ခတ်ပိတ်ဆို့ခြင်းခံခဲ့ရသည်။

ကျောက်မီးသွေးက မြောက်ကိုရီးယားနိုင်ငံအတွက် အဓိကဝင်ငွေရသော ကုန်စည်တင်ပို့ဖြစ်သည်။ ၂၀၁၅ ခုနှစ် တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်၌ တင်ပို့မှုကျဆင်းရာ ကျောက်မီးသွေးတန်ချိန် ရ ဒဿမ ၅ သန်း တင်ပို့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ရ၀၀ ရရှိလိမ့်မည်ဟု သံတမန်များက ပြောသည်။

တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ ကျောက်မီးသွေး အဓိကဝယ်လက် တစ်ခုတည်းသော နိုင်ငံဖြစ်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly