သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုကာကွယ်ကြမလဲ

သက်ငယ်မုဒိမ်းမှုတွေကို ဘယ်လိုကာကွယ်ကြမလဲ

အခုတလော ဆက်တိုက်ကြားနေရတာကတော့ ကလေးသူငယ်တွေကို အဓ္ဓမ ပြုကျင့်တယ်ဆိုတဲ့ ကိစ္စပါပဲ။ ရန်ကုန်လို မြို့ပြကြီးတွေမှာတောင် သက်ငယ်မုဒိန်းတွေက လေးရက်ကို တစ်မှုနှုန်းဖြစ်ပွားနေတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ဒီတော့ ကျွန်မတို့ ပတ်ဝန်းကျင်က ကလေးသူငယ်တွေကို ဘယ်လိုကာကွယ်စောင့်ရှောက်မလဲ။ သက်ငယ်မုဒိမ်းဖြစ်ပွားနှုန်းတွေ လျော့ပါးဖို့အတွက် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတော့ ကျွန်မ သူငယ်ချင်းတွေဆီ အခုပဲ လိုက်မေးကြည့်ပါ့မယ်။

အစ်မတို့ မြန်မာလူမျိုးတွေရဲ့ စရိုက်ကပေါ့နော်။ ဘာလဲ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကိုဆို အရမ်း ယုံတတ်ကြတာတွေရှိတယ်ပေါ့။ အထူးသဖြင့် ဦးလေးပဲ  ဖြစ်ဖြစ် လွှတ်ထားခဲ့တာတွေ ရှိတယ်ပေါ့နော်။ ကျွန်မတို့ သုတေသနတစ်ခုကို ဖတ်လိုက်တဲ့အခါမှာ ဦးလေးတွေ၊ အဒေါ်တွေ အဖေတွေကိုယ်တိုင်က သက်ငယ် မုဒိမ်းတွေ ကျူးလွန်တဲ့အခါမှာပေါ့။ အမေတွေ ကိုယ်တိုင်က ဒါကို Public ကို ရဲတွေ ဘာတွေတိုင်ဖို့ကို လုံးဝခွင့်မပေးကြတာတွေ ရှိတယ်ပေါ့နော်။ မိသားစုရဲ့ ဂုဏ်သိက္ခာတွေ ၊ ဘာတွေ ညာတွေပေါ့။ ဒါတွေက မိဘတွေပိုင်းကို ပိုပြီးတော့ Intimate Partner Relation ၊ အော် Violent ဆိုပြီး ဒါနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ပညာပေးရှိသင့်တယ်လို့ ထင်သလို အစိုးရပိုင်းက ဥပဒေပြုမယ့် သူတွေ၊ ဥပဒေရေးရာ လုပ်မယ့်သူတွေဘက်က တကယ်ကို တတ်ကျွမ်းပြီး ဟိုဘက်ဒီဘက် ဘယ်လိုမျိုးဖြစ်နိုင်ချေ အမျိုးမျိုးကနေ သေချာဆွဲပြီး တကယ်ထိရောက်တဲ့ ဥပဒေနဲ့ ရေးဆွဲဖို့ လိုတယ်ပေါ့။ နိုင်ငံတော်ကလည်း မိဘတွေရဲ့ အခန်းကဏ္ဍက ဘယ်လိုမျိုးရှိလဲ ၊ သားသမီးတွေကို ငယ်ငယ်တည်းက ဘယ်လိုမျိုးစောင့်ရှောက်သင့်တယ်ပေါ့။ နိုင်ငံခြားမှာဆိုရင်တော့ လုပ်ကြတယ်။ ကိုယ့်ရဲ့ မပြရတဲ့ အစိတ်အပိုင်းက ဘယ်လို ၊ ဘာလဲဆိုတာ အဲလိုမျိုးပေါ့နော် ။ ဒီက ကလေးတွေက အစ သူတို့ အဲဒီလိုမျိုးလေးတွေ သိမယ်ဆိုရင် ဒီလိုမျိုးသက်ငယ်မုဒိမ်းတွေ လျော့ကျသွားမယ်လို့ ကျွန်မ ထင်တယ်။

ကျွန်တော်တို့ တစ်ဦး တစ်ယောက်ချင်းစီမှာ လိုအပ်တယ်။ မိဘတွေ စောင့်ရှောက်မှု့အပေါ်မှာလည်း လိုအပ်တယ်။ အဓိကစောင့်ထိန်းမှုက မိဘတွေအပေါ်မှာ လိုအပ်တာပဲ။ ကျွန်တော့အထင်ကတော့ ပညာတွေလည်း အများကြီး တတ်ဖို့ လိုအပ်တယ်လေ။

 

 

 

 

အဲဒီလို သက်ငယ််မုဒိမ်းမှုတွေဆိုရင် အဖေပဲဖြစ်ဖြစ် ၊ ဦးလေးတွေက စော်ကားတာပဲ ဖြစ်ဖြစ် အဲဒီလိုမျိုးဆိုရင် အဖေပဲ ဖြစ်ဖြစ် ၊ ဦးလေးပဲ ဖြစ်ဖြစ် ဘယ်လောက် ဆွေမျိုးတော်တော်ပေါ့နော် ၊ သေဒဏ်ပေးစေချင်ပါတယ်လို့ ။ အဲဒါဆိုရင် အဲဒီအမှုတွေ ပပျောက်သွားမယ်လို့ ထင်တယ်။ လျော့နည်းသွားမယ်ပေါ့နော် ။ အဲလိုမျိုး ထင်ပါတယ်။

 

 

 

သက်ငယ််မုဒိမ်းကိုဗျာ ။ အဲဒီကျုးလွန်တဲ့သူတွေကို သေဒဏ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။ အဲဒီလိုမျိုး နောက်ပိုင်း ထပ်မဖြစ်အောင်ဆိုရင် လူကြီးတွေကပေါ့။ ကိုယ့်ရဲ့ သားသမီးတွေကို ဂရုတစိုက်ပေါ့။ အမြဲတမ်း ကိုယ့်ရဲ့အနားမှာ ရှိနေစေချင်တယ်။ လူတိုင်းက ကိုယ့်ရဲ့အမျိုးလို့ ပြောတာတောင် ယုံကြည်လို့ မရတော့ဘူး။  အခုက အဖေအရင်းတွေတောင် ကိုယ့်ရဲ့ သားသမီးတွေကို မုဒိမ်းပြန်ကျင့်ရင် ကျင့်နေတာ။ အဲဒါကြောင့် ကိုယ့်ရဲ့ မိဘတောင်မှ ယုံကြည်လို့ မရတော့ဘူး။  အဲဒီလိုမျိုး ဖြစ်နေတာ။ 

 

 

 

ဥပဒေက ကြီးကြီးမားမား ပြစ်ဒဏ် တစ်ခုခုလောက်ပေးလိုက်မယ်ဆိုရင် တခြားသူတွေကလည်း ဒါမျိုး ထပ်ပြီး မလုပ်ရဲဘူးပေါ့။ ရှောင်ရှားနိုင်တယ်ပေါ့။ ဒါ့ကြောင့်မို့ ဥပဒေကြောင့်လို့ ထင်ပါတယ်။

 

 

 

 

ဒီသက်ငယ််မုဒိမ်းတွေကို သူများနိုင်ငံတွေမှာဆို သေဒဏ်တွေ ပေးတယ်ပေါ့နော်။ ကိုယ့်နိုင်ငံမှာလည်း အဲဒီလို ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံမှာ သေဒဏ်မပေးဘဲနဲ့ သူများနိုင်ငံတွေမှာ တစ်ခုခုဆို သေဒဏ်တွေ ပေးတယ်။  ကြိမ်ဒဏ်တွေ ပေးတယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်လိုက်ပြီဆို နှစ် နှစ်ပဲ ။ အဲဒီနှစ် နှစ်ဆိုတာကြီးကိုတော့ လုံးဝ မဖြစ်စေချင်ဘူးပေါ့နော်။

 

 

 

အတိုအပြတ်ဝတ်ရင် အတိုအပြတ်ဝတ်တာနဲ့ ။ မိန်းကလေး သက်ငယ််မုဒိမ်းတွေနဲ့ ဘယ်လိုဆိုင်လဲပေါ့။ အတိုအပြတ်ဝတ်ရင် ၀တ်တဲ့ သူတွေမှာ Rape အလုပ်မခံရဘူး ။ မေးစရာ မေးခွန်း အတိုအပြတ်ဝတ်တဲ့ မိန်းကလေးတွေကျ ဘာကြောင့် Rape အလုပ်မခံရလဲ။ ဘာ့ကြောင့်လဲဆိုတော့ သူတို့မှာက Education Enough ဖြစ်တယ် ။ ၀တ်ရဲတယ်ဆိုတဲ့ သတ္တိ အနည်းနဲ့ အများတော့ ရှိတယ်။ အဲ့အပေါ်မှာ သူတို့ကိုတော့ Rape အလုပ်မခံရဘူး။  ဒါပေမယ့် အဲအပေါ်မှာ ယောကျ်ားတွေရဲ့ ဖြစ်သွားတဲ့စိတ်က ကလေးတွေမှာ သွားပြီးတော့ လုပ်တယ် ။ ကျွန်တော်ကတော့ အဲဒီလိုပဲ မြင်တယ်။

 

 

ကဲ...သက်ငယ်မုဒိမ်းဖြစ်ပွားနှုန်းတွေ လျှော့ချဖို့အတွက် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အမြင်တွေကိုတော့ လူငယ်တွေက အခုလိုပဲ ပြောပြသွားခဲ့ပြီးပါပြီ။ သူငယ်ချင်းတို့မှာလည်း သက်ငယ်မုဒိန်း ဖြစ်ပွားနှုန်းတွေ လျှော့ချဖို့အတွက် ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အမြင်တွေကို ကျွန်မတို့ရဲ့ Yope Facebook နဲ့ Yope Website တွေမှာ ၀င်ရောက်ပြီးတော့ ကွန်းမန့်လေးတွေ ပေးသွားကြပါဦး။ ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required