ကားသုံးစီးပါ လောင်ကျွမ်းခဲ့တဲ့ လှိုင်မြို့နယ် မီးလောင်မှု ၀ါယာရှောခ့်ကြောင့်ဖြစ်

ကားသုံးစီးပါ လောင်ကျွမ်းခဲ့တဲ့ လှိုင်မြို့နယ် မီးလောင်မှု ၀ါယာရှောခ့်ကြောင့်ဖြစ်
ဓာတ်ပုံ-သူရ

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ။             ။ ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ် အမှတ် ၁၁ ရပ်ကွက် ၊စံပယ်ခြံ ၂ လမ်းတွင် နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၂ နာရီခွဲအချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှုသည် ပလတ်စတစ်ကြိတ်စက် Heater ၀ါယာကြိုး အပူလွန်ကဲမှုကြောင့် စတင်လောင်ကျွမ်းမှုဖြစ်ကြောင်း မြန်မာနိုင်ငံ၊ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကို Level 3 အဆင့် သတ်မှတ်ကာ မနက် ၃ နာရီခွဲအချိန်တွင် မီးငြိမ်းသတ်နိုင်ပြီး  မီးလောင်မှုကြောင့် အဆောက်အဦ ငါးလုံး ၊ Alphat ကား အမျိုးအစား ယာဉ်တစ်စီး၊ ဟွန်ဒါဖစ် အမျိုးအစား ယာဉ်တစ်စီး ၊ လိုက်ထရပ်အမျိုးအစားယာဉ်တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကာ စုစုပေါင်း တန်ဖိုးငွေကျပ်ပေါင်း ၁၀၉ သိန်း ခန့် ဆုံးရှုံးမှုရှိကြောင်း ထုတ်ပြန်ထားသည်။ မီးလောင်မှုကြောင့် ဦးအေးထွန်းအောင်အား လှိုင်မြို့မရဲစခန်း မှ (ပ) ၁၁၄၉/၂၀၁၆/ ပုဒ်မ- ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required