မကွေးမြို့တွင် မြေတူးရာမှ ပွိုင့်၃၀၃ ရိုင်ဖယ်ကျည်ဟောင်း ၄၁ တောင့်တွေ့ရှိရ

မကွေးမြို့တွင် မြေတူးရာမှ ပွိုင့်၃၀၃ ရိုင်ဖယ်ကျည်ဟောင်း ၄၁ တောင့်တွေ့ရှိရ

မကွေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးဝင်းအတွင်း၌ ယာဉ်စစ်အလုပ်ရုံအသစ် တည်ဆောက်ရန် ယနေ့ နိုုဝင်ဘာ ၂၉ ရက်နေ့၊  နံနက်ပိုင်းက   ဖောင်းဒေးရှင်းမြေကျင်းတူးရာမှ ပွိုင့်၃၀၃ ရိုင်ဖယ်ကျည်ဟောင်း ၄၁ တောင့်တွေ့ရှိရကြောင်း မကွေးမြို့၊  အမှတ်(၂)ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့၊ အောင်ရတနာရပ်ကွက် ၊ ရန်နိင်ရပ် မြို့ပတ်လမ်းရှိ မကွေးတိုင်းဒေသကြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ရုံးဝင်းအတွင်း၌ မော်တော်ယာဉ် စစ်ဆေးရန်အတွက် ယာဉ်စစ်အလုပ်ရုံအသစ် တည်ဆောက်ရန် United Goden ကုမ္ပဏီမှ ဖောင်ဒေးရှင်း မြေကျင်းတူးဖော်ရာမှ ယခုလိုတွေ့ရှိခြင်းဖြစ်သည်။

မြေကျင်းတူးရာ အကျယ်(၃)ပေခွဲ၊ အနက်(၁)ပေခွဲခန့် အရောက်တွင် ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဟောင်း ထိပ်ဖူးမပါ ရ တောင့် အသုံးပြု မရ၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဟောင်း ထိပ်ဖူးပါ ၃၄ တောင့် အသုံးပြုမရ ၊ စုစုပေါင်း ၄၁ တောင့်အား တွေ့ရှိခဲ့သည်။

ယင်းကျည်ဟောင်းများအား မကွေးအမှတ်(၂)ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးကာ မကွေးမြို့ အမှတ်(၉၁၀) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းတပ်ခွဲ (၃)သို့ အကြောင်းကြားသဖြင့် ၎င်းတပ်ရင်းမှ တာဝန်ရှိသူများ လာရောက် စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly