Suzuki ဖလား ဗိုလ်စွဲဖို့ ထိုင်းအသင်း ၆၀ ရာခိုင်နှုန်းသေချာ မြန်မာအသင်းကို ၂ ရာခိုင်နှုန်းသာ ခန့်မှန်း

Suzuki ဖလား ဗိုလ်စွဲဖို့ ထိုင်းအသင်း ၆၀ ရာခိုင်နှုန်းသေချာ မြန်မာအသင်းကို ၂ ရာခိုင်နှုန်းသာ ခန့်မှန်း

အွန်လိုင်း မဲပေးခန့်မှန်းမှုများအရ AFF Suzuki 2016 ဖလား ဗိုလ်စွဲဖို့ ထိုင်းအသင်းက ၆၀ ရာခိုင်နှုန်းကျော် သေချာနေတယ်လို့ ခန့်မှန်းကြပြီး မြန်မာအသင်း ဗိုလ်စွဲဖို့ကတော့ ၂ ရာခိုင်နှုန်းကျော်သာ ရှိတဲ့အကြောင်း AFF Suzuki Cup အင်တာနက် စာမျက်နှာရဲ့ မဲကောက်ခံမှုမှာ ဖေါ်ပြနေပါတယ်။ ဒါပေမယ့် ဆီမီးမတက်မီ ကောက်ခံထားတဲ့ ဒီမဲပေးခန့်မှန်းမှုမှာ မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့ပြီး အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ကမ္ဘောဒီးယား အသင်းကို ဒုတိယ အများဆုံး မဲပေးထားတာတွေ့ရပြီး ၁၇ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ခန့်မှန်းမဲပေးမှုများမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ မလေးရှားကိုလည်း မဲပေးမှုများပြားခဲ့ပြီး ၆.၇၅ ရာခိုင်နှုန်း ရှိပါတယ်။ အုပ်စု B မှာ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်ကို တက်လာတဲ့ ဗီယက်နမ်ကိုတော့ ၆.၃၆ ရာခိုင်နှုန်းက ဗိုလ်စွဲမယ်လို့ ခန့်မှန်းထားကြပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ လေးသင်းဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာ အသင်းတွေမှာ ဘယ်အသင်းကို သဘောကျသလဲဆိုတဲ့ မေးခွန်းကိုဖြေကြရာမှာတော့ ထိုင်းအသင်းကို ၄၃.၄၃ ရာခိုင်နှုန်းက အကြိုက်တွေ့နေကြပါတယ်။ အင်ဒိုနီးရှားက ဒုတိယ လူကြိုက်အများဆုံးဖြစ်ပြီး ၃၃ ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။ ဗီယက်နမ်က ၁၃ ရာခိုင်နှုန်းကျော်နဲ့ မြန်မာအသင်းကတော့ ၁၁ ရာခိုင်နှုန်းနီးပါး တတိယနဲ့ စတ္တုတ နေရာတွေမှာ ရပ်တည်နေပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အုပ်စု B မှာပါဝင်တဲ့ မြန်မာအသင်း ကစားသမားတွေထဲမှာတော့ အောင်သူကို အကြိုက်တွေ့နေကြပြီး ရ၃ ရာခိုင်နှုန်းကျော်က မဲပေးထားကြပါတယ်။ မလေးရှားနဲ့ပွဲမှာ နောက်ကျအနိုင်ဂိုး သွင်းပေးခဲ့တဲ့ ဒေးဗစ်ထန်းကိုတော့ ၉ ရာခိုင်နှုန်းနီးပါးက မဲပေးထားပြီး ဒုတိယနေရာလိုက်ပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အုပ်စု B မှာပါဝင်တဲ့ မလေးရှား အသင်းတွေရဲ့ ဝတ်စုံကိုကြိုက်သူများနေပြီး ဒုတိယနေရာမှာတော့ ကမ္ဘောဒီးယားက လိုက်နေပြီး မြန်မာနဲ့ ဗီယက်နမ်ကိုတော့ မတိမ်းမယိမ်း ၂၀ ရာခိုင်နှုန်းကျော်စီ မဲပေးထားကြပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပထမအကျော့ ဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ ဗီယက်နမ်အနိုင်ရမယ်လို့ ခန့်မှန်းသူ များပြားနေပြီး ၆၅ ရာခိုင်နှုန်းကျော်ရှိပြီး မြန်မာနဲ့ အင်ဒိုနီးရှားကတော့ ၃၃ ရာနိုင်နှုန်းနီးပါးမှာ ရပ်တည်နေပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းဟာ ဒီဇင်ဘာ ၄ ရက်နေ့မှာ အိမ်ရှင်ဖြစ်တဲ့ မြန်မာကွင်းမှာ ပထမအကျော့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ထိုင်းကွင်းမှာ ဒီဇင်ဘာ ၈ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းနဲ့ ဗီယက်နမ်အသင်းတွေကတော့ ပထမ အကျော့ကို ဒီဇင်ဘာ ၃ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒုတိယ အကျော့ကိုတော့ ဒီဇင်ဘာ ရ ရက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required