ဒေါ်လာ ၂ဘီလီလျံ တန်ဖိုးရှိသည့် ရုပ်ရှင်စတူဒီယိုတစ်ခုကို တရုတ်နိုင်ငံမှ တည်ဆောက်ဖို့ စီစဉ်

ဒေါ်လာ ၂ဘီလီလျံ တန်ဖိုးရှိသည့် ရုပ်ရှင်စတူဒီယိုတစ်ခုကို တရုတ်နိုင်ငံမှ တည်ဆောက်ဖို့ စီစဉ်

တရုတ်နိုင်ငံရဲ့ လျင်မြန်စွာကြီးထွားဖွ့ံဖြိုးလာတဲ့ ရုပ်ရှင်လုပ်ငန်းကို တိုးချဲ့ရန်အတွက် ဒေါ်လာ၂ဘီလီလျံ တန်ဖိုး ရှိသည့် ရုပ်ရှင်စတူဒီယိုတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရကကြေညာလိုက်ပါတယ်။

ရုပ်ရှင်စတူဒီယိုကို တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing မြို့မှာအခြေပြုတည်ဆောက်မည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများပြုလုပ်မည့် အပန်းဖြေဥယျာဉ်ကိုပါထည့်သွင်း တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီပရောဂျက်ကိုတော့ နောက်နှစ် နှစ်စမှာပဲ စတင်လုပ်ဆောင်သွားဖို့ သတ်မှတ်ထားပြီးပါပြီ။

တရုတ်ဟာ သူတို့နိုင်ငံမှ အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများကို ပိုမိုထုတ်လုပ်သွားဖို့အရမ်းကိုစိတ်အား ထက်သန်နေပါတယ်။ လက်ရှိမှာတော့ နိုင်ငံအတွင်း ဟောလိ၀ုဒ်ဇာတ်ကား ၃၄ကား ထက်ပိုမိုပြီးမပြသဖို့ ကန့်သတ်ထားပါတယ်။

ဒီရုပ်ရှင်စတူဒီယိုနဲ့ အပန်းဖြေဥယျာဉ်ရဲ့နာမည်ကိုတော့ တရုတ်သမ္မတ ရှီကျင်းပင် ရဲ့ One Belt, One Road ပရိုဂရမ်ကို အစွဲပြုပြီး အမည်ပေးသွားမည် ဖြစ်ကြောင်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required