ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ ဂျေကေရိုးလင်း နဲ့ ဟယ်ရီပေါ်တာ ရဲ့ ပရိသတ်ဖြစ်သူ နေအိမ် ဖျက်ဆီးခံရ

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ ဂျေကေရိုးလင်း နဲ့ ဟယ်ရီပေါ်တာ ရဲ့ ပရိသတ်ဖြစ်သူ နေအိမ် ဖျက်ဆီးခံရ

ဂျေကေရိုးလင်းကိုယ်တိုင် ဟယ်ရီပေါ်တာစာအုပ်ကို ပို့ပေးခဲ့ဖူးတဲ့ ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှ ဟယ်ရီပေါ်တာအမာခံ ပရိသတ်လေး ရဲ့ နေအိမ်ဟာ ဗုံးကြဲတိုက်ခိုက်မှုမှာ ဖျက်ဆီးခံလိုက်ရပါတယ်။

သူမနေထိုင်တဲ့ အလက်ပိုမြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ လက်နက်ကြီးတွေပေါက်ကွဲအပြီး ဘာနာအလာဘတ်လို့  ခေါ်တဲ့ ကလေးမလေးဟာ သူမရဲ့တွစ်တာမှာ အိမ်လည်းမရှိတော့ဘူး၊ လက်နက်ကြီးတွေကြောင့် သေတော့ မလို့ပဲလို့ ရေးသားခဲ့ပါတယ်။

သူမဟာ အသက်ရနှစ်ရှိပြီဖြစ်ပြီး သူမရဲ့အမေက သူမဘယ်လောက်တောင် ဟယ်ရီပေါ်တာဝတ္ထုတွေအပေါ်  စွဲလမ်းနေတဲ့အကြောင်းကို ဂျေကေရိုးလင်းဆီ စာပို့ပြီးနောက် စာရေးဆရာမကိုယ်တိုင် e-book ပို့ပေးခဲ့တာ ဖြစ်ပါတယ်။

ဘာနာအလာဘတ် ကတော့ သူမနေတဲ့အနားက စစ်ပွဲကြီးအကြောင်းကို မေ့ပစ်ချင်တဲ့အတွက် သူမစာအုပ် တွေကိုဖတ်ရတာနှစ်သက်ပါတယ်လို့ပြောပါတယ်။ သူမ မိဘနှစ်ပါးရဲ့နေအိမ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗုံးကြဲဖျက်ဆီးခံလိုက်ရတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly