Spice Girl အဖွဲ့ဝင်ဟောင်း Mel B က သူ့ကားထဲဝင်ခိုးသည့်သူခိုးအား ဖမ်းပေးပါက ဒေါ်လာ၅၀၀၀ ချီးမြင့်မည်

Spice Girl အဖွဲ့ဝင်ဟောင်း Mel B က သူ့ကားထဲဝင်ခိုးသည့်သူခိုးအား ဖမ်းပေးပါက ဒေါ်လာ၅၀၀၀ ချီးမြင့်မည်

Spice Girl အဖွဲ့ဝင်ဟောင်း Mel B က Beverly Hills မှာရှိသည့် သူမအိမ်ရှေ့တွင်ရပ်ထားသည့် ကားထဲအား ၀င်ခိုးသည့် သူခိုးကိုဖမ်းပေးပါက ဒေါ်လာ၅၀၀၀ ဆုချမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ပါတယ်။

အသက်၄၁နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဗြိတိန်အဆိုတော်ဟာ သူမရဲ့ အင်စတာဂရမ်မှာ ပြီးခဲ့တဲ့သောကြာနေ့ ဒေသ စံတော်ချိန် ၅နာရီ ၄၂မိနစ်မှာ လူတစ်ယောက်ကားထဲမှ လက်ဆွဲသေတ္တာကိုဆွဲထုတ်နေတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်နဲ့ပက်သက်ပြီး သတင်းအချက်အလက်တွေသိတဲ့သူရှိပါက သူမရဲ့ခင်ပွန်း Stephen Belafonte ကိုအကြောင်းကြားရန် သူမရဲ့ပရိတ်သတ်တွေကို အင်စတာဂရမ်မှတဆင့် တောင်းဆိုခဲ့ ပါတယ်။ ရဲတွေက ကူညီ စုံစမ်းပေးပေမယ့်လည်း အများပြည်သူရဲ့အကူအညီကို လိုချင်လို့ဖြစ်တဲ့အကြောင်း သူမကပြောခဲ့ပါတယ်။

Mel B ဟာ လောလောဆယ် သြစတြေးလျ X Factor မှာ အစီအစဉ်မှူး လုပ်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly