ဘိုင်ယန်မြူးနစ်မှာ ၂၀၁၈ ခုနှစ်အထိ ရှိမယ့် စာချုပ် ရီဘာရီ သက်တမ်းတိုး ချုပ်ဆို

ဘိုင်ယန်မြူးနစ်မှာ ၂၀၁၈ ခုနှစ်အထိ ရှိမယ့် စာချုပ် ရီဘာရီ သက်တမ်းတိုး ချုပ်ဆို
(ဓာတ်ပုံ - အီးပီအေ)

ဘိုင်ယန်မြူးနစ်က ၎င်းတို့ရဲ့ ကွင်းလယ်လူ ရီဘာရီကို ၂၀၁၈ ခုနှစ် ဇွန်လအထိ သက်တမ်းတိုး စာချုပ်ခဲ့တယ်လို့ အသင်းက တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ် ပြင်သစ်ကစားသမားရဲ့ စာချုပ်ဟောင်းအရ ၂၀၁၇ ခုနှစ် ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး ယခုလို ကစားသမားနဲ့ သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့တာဖြစ်တယ်လို့ အသင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက်မှာ စီအီးအို Karl-Heinz Rummenigge ပြောဆိုချက်အရ ရီဘာရီက "အဓိက ကစားသမားတစ်ဦးဖြစ်တာရယ် အသင်းပရိသတ်ကို ကျေနပ်မှုပေးသူဖြစ်တာရယ် နှစ်မျိုးစလုံးကြောင့် ကျနော်တို့ ပျော်ရွှင်ရပြီး ကျနော်တို့ သူ့ကို စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။"လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ရီဘာရီက "ဘိုင်ယန်မြူးနစ်အတွက် နောက်ထပ် နှစ်တွေမှာ ကစားပေးရလို့ ကျနော် အလွန်ပျော်ရွှင်မိပါတယ်။ ဒီကြီးမားခမ်းနားတဲ့ ကလပ်ရယ်၊ မြို့ကြီးဟာ အားကစားနှင့် ကိုယ်ရေးကိုတာ နှစ်ခုစလုံးအတွက် ကျနော်ရဲ့ အိမ်ဖြစ်လာပါတယ်။"လို့ ပြောပါတယ်။

ပြင်သစ်ကွင်းလယ်ကစားသမားဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ ၂၀၀၇ ခုနှစ်က ပြောင်းရွှေ့လာပြီးနောက်ပိုင်း အသင်းနဲ့အတူ တရားဝင်ပွဲ (၃၃၃) အထိ ကစားခဲ့ပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly