၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်တွင်းလုပ်သား ၂၀၀ ကိုဟီ(လ)တန်က အလုပ်အကိုင်ပေးသွားမည်

၂၀၁၇ ခုနှစ် ပထမနှစ်ဝက်အတွင်း ပြည်တွင်းလုပ်သား ၂၀၀ ကိုဟီ(လ)တန်က အလုပ်အကိုင်ပေးသွားမည်

ဟီ(လ)တန်ဟိုတယ်နဲ့ စီမံခန့်ခွဲရေးလုပ်ငန်းက ၂၀၁၇ရဲ့ပထမနှစ်ဝက်မှာပြည်တွင်းဝန်ထမ်း ၂၀၀ကို ခန့်အပ်သွားမှာဖြစ်ပြီး ယင်းဝန်ထမ်းများကို ဖွင့်လှစ်ရန် နီးကပ်နေပြီဖြစ်သည့် မန္တလေးဟိုတယ်တွင် ခန့်အပ်တာဝန် ပေးသွားမည်ဟု ဟီ(လ)တန်၏ မြန်မာပြည်ဆိုင်ရာ အထွေထွေမန်နေဂျာဖြစ်သူဟယ်လင် ရာကိုဘီက မဇ္စျိမကို ပြောပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ဟီ(လ)တန်အနေနဲ့ ပြည်တွင်းကဧဒင်ဟိုတယ်လုပ်ငန်းအောက်မှာရှိတဲ့ ဟိုတယ်တွေကို အရင်အစိုးရလက်ထက် ကနေစပြီးစီမံခန့်ခွဲမှုတွေပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာဟီ(လ)တန်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နေတဲ့ ဟိုတယ်တွေဖြစ်တဲ့ ဟီ(လ)တန်နေပြည်တော် နဲ့ ဟီ(လ)တန်ငပလီတို့မှာ ဝန်ထမ်းပေါင်း ၃၆၀ ကိုခန့်ထားပြီးလည်းဖြစ်ပါတယ်။ ဟီ(လ)တန်အနေနဲ့ နေပြည်တော်နဲ့ ငပလီအပြင် မန္တလေး၊ ပုဂံရန်ကုန်နဲ့ အင်းလေးဒေသတို့ မှာနောက်ထပ် ဟိုတယ်တွေကိုဆက်လက်ဖွင့်လှစ်လုပ်ကိုင်သွားမှာဖြစ်တယ်လို့ အထွေထွေမန်နေဂျာဖြစ်သူဟယ်လင် ရာကိုဘီကအခုလို ပြောပြထားပါတယ်။

“မန္တလေးမှာနောက်ထပ် ဟိုတယ်တစ်လုံးကို ဖွင့်လှစ်နိုင်ဖို့ သိပ်ကိုနီးကပ်နေပါပြီ။ အဲဒိအတွက် ၀န်ထမ်း ၂၀၀ လောက်ကုုိခန့်အပ်သွားမှာဖြစ်ပါတယ်။ ပုဂံဟိုတယ်ကိုလည်း ဆက်ပြီး ဖွင့်လှစ်သွားမှာ   ဖြစ်ပါတယ်။ ရန်ကုန်ကတော့ တည်ဆောက် နေဆဲမှာပဲရှိပါသေးတယ်။ နောက်ထပ် ၆ လလောက်မှာ အဖွဲ့ဝင်အသစ်တွေကို တွေ့မြင်ရဖို့ ကျွန်မမျှော်လင့်ပါတယ်”

အမေရိကန် ဟီ(လ)တန်အနေနဲ့ ဧဒင်ဟိုတယ်လုပ်ငန်းစုစုပေါင်း (၆) ခုကိုစီမံခန့်ခွဲမှုတွေ လုပ်ကိုင်ပေးပြီး ဒေသအတွင်းမှာရှိတဲ့ လုပ်သားတွေကို ခန့်အပ်လေ့ကျင့်သင်ကြားပေးသွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

လွန်ခဲ့တဲ့၂ နှစ်ခန့်မှ စတင်ပြီး ဟီ(လ)တန်ဟာ ဧဒင်စီးပွားရေးလုပ်ငန်းလက်အောက်က ဟိုတယ်တွေကို သူတို့ရဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပေါင်းစပ် ယှဉ်တွဲကာ အလားအလာ ကောင်းလာတဲ့   မြန်မာ့ခရီးသွား လုပ်ငန်းအတွင်း ဟိုတယ်နဲ့ ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိ်ရာ အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ စီးပွားရေးပိတ်ဆို့တားစီးမှုများ ဖယ်ရှားအပြီး အမေရိ်ကန်-မြန်မာ ဆက်ဆံရေး ပိုမိုအားကောင်းလာပြီး နှစ်နိုင်ငံကြားစီးပွားရေးအရှိန်မြှင့်တင်နို်င်ရေးကိုလည်း အကောင်းမြင်ကြောင်းဟယ်လင် ရာကိုဘီက ပြောဆိုထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required