The Brady Bunch ရုပ်သံစီးရီးရဲ့ ခေါင်းဆောင်ပါ၀င်သူ Florence Henderson ကွယ်လွန်

The Brady Bunch ရုပ်သံစီးရီးရဲ့ ခေါင်းဆောင်ပါ၀င်သူ Florence Henderson ကွယ်လွန်

တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဟာသ ရုပ်သံစီးရီး The Brady Bunch ရဲ့ ဦးဆောင်သူ အမျိုးသမီး အဖြစ်ထင်ရှားသူ Florence Henderson ဟာ အသက် ၈၂နှစ်အရွယ်မှာပဲ ကွယ်လွန်သွားပါပြီ။

သူမရဲ့ ကိုယ်စားလှယ်အဆိုအရ လွန်ခဲ့တဲ့ကြာသာပတေးနေ့မှာ သူမဟာ လော့စ်အိန်ဂျယ်လိစ်မြို့က Cedars-Sinai ဆေးကုသမှုစင်တာမှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူမဟာ အင်ဒီယားနားတောင်ပိုင်းမှာ ၁၉၃၄ ခုနှစ်ကဖွားမြင်ခဲ့ပြီး  ပြဇာတ်မင်းသမီးအဖြစ်ကနေ တီဗွီရုပ်သံ လိုင်းတက်ဆက်သူအဖြစ်ကို ကူးပြောင်းခဲ့တာဖြစ်ပါတယ်။

သူမအသက် ၁၉နှစ်မှာ Wish You Were Here လို့ခေါ်တဲ့ပြဇာတ်မှာ တစ်ခန်းတစ်လေမှ စတင်ပါ၀င်လာပြီး စင်ပေါ်ကိုစတင်ရောက်ရှိခဲ့ပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required