စာရေးသားခြင်းမှ ကြည်နူးမှုပိုမိုရရှိဟု Britain’s Got Talent ရဲ့ ဒိုင်ဖြစ်သူ David Walliam မှပြောကြား

စာရေးသားခြင်းမှ ကြည်နူးမှုပိုမိုရရှိဟု Britain’s Got Talent ရဲ့ ဒိုင်ဖြစ်သူ David Walliam မှပြောကြား

ကလေးသူငယ်ဖတ် စာအုပ်တွေရေးသားရတာဟာ သူ့အတွက် တကယ့်ကို စိတ်ကြည်နူးမှုအပေးနိုင်ဆုံးဟု David Walliams က ပြောကြားလိုက်ပါတယ်။

နာမည်ကျော် ဟာသလူရွှင်တော်ဖြစ်တဲ့ David ဟာ BBC ရဲ့ တီဗီ အစီအစဉ်ဖြစ်တဲ့ Little Britain မှာ Matt Lucas နဲ့အတူတင်ဆက်ခဲ့မှုက သူ့ကိုလူသိများလာစေခဲ့ပြီး လက်ရှိမှာတော့ Britain’s Got Talent မှာ ဒိုင်တစ်ယောက်အဖြစ်ဆောင်ရွက်နေပါတယ်။

သူဟာ The Boy in the Dress နဲ့ Gangsta Granny အပါအဝင် ဝတ္ထုရှည်ကြီး ကိုးပုဒ်နဲ့ အံ့သြလောက်အောင် အောင်မြင်မှုတွေကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

“ ကျနော် ဟာသတွေရေးသားပြောဆိုခြင်းကို စွန့်လွှတ်ပြီး ကလေးဖတ်စာအုပ်တွေ ရေးသားမှုအပေါ်မှာပဲ အာရုံစိုက်ပါတော့မယ်၊ ဘာလို့လဲဆိုတော့ ဒါဟာလုပ်ရကျိုးနပ်ပြီး အကျိုးရှိလို့ပါပဲ”လို့သူက ပြောပါတယ်။

David ရဲ့ စာအုပ်တွေဟာ ကမ္ဘာတလွှားမှာ စုစုပေါင်း စာအုပ်ရေ ၁၄သန်းကျော် ရောင်းချခဲ့ရပြီး ဘာသာပေါင်း ၅၀ နီးပါးမှ ဘာသာပြန်ဆိုထားပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly