အာဇာနည်ခေါင်းဆောင် ဦးရာဇတ်သား ဦးတင်မြင့်နှင့် တွေ့ဆုံခြင်း

အာဇာနည်ခေါင်းဆောင် ဦးရာဇတ်သား ဦးတင်မြင့်နှင့် တွေ့ဆုံခြင်း
ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်။ (ဓာတ်ပုံ-မဇ္ဈိမ)

ဇူလိုင် ၁၉ ရက်တွင် ကျရောက်သော အာဇာနည်နေ့အတွက် အာဇာနည် ခေါင်းဆောင် ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်ကို အာဇာနည်နေ့နှင့်ပတ်သက်သည့် အခြေအနေများ၊ အုပ်ချုပ်ရေးပိုင်း အခြေအနေ၊ လူမျိုးရေးနှင့်ပတ်သက်ပြီး ဆက်ဆံရေး၊ လတ်တလောဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့်ပတ်သက်ပြီး မဇ္ဈိမက ၂၀၁၄ခုနှစ် အာဇာနည်နေ့ အထိမ်းအမှတ် မေးမြန်းခဲ့သည်ကို ပြန်လည်ဖော်ပြလိုက်ရပါသည်။

အစိုးရအဆက်ဆက် အာဇာနည်နေ့ကို ကြုံခဲ့ရတာတွေပြောပေးပါ။

အစိုးရပေါင်း မြောက်မြားစွာခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့တော့ အာဇာနည်နေ့မှာ ကြုံခဲ့ရတာအများ ကြီးပေါ့။တချို့ဟာတွေလိုတဲ့ဟာ၊ ပြင်သင့်တာတွေပြင်ခွင့်ရအောင်အခွင့်ရရင် သက်ဆိုင်ရာလူကြီးတွေကို ပြောပြတာရှိပါတယ်။

အစိုးရသစ်လက်ထက်မှာ အာဇာနည်နေ့ကျင်းပတာ ဘာအပြောင်းအလဲရှိခဲ့လဲ။

သမ္မတကြီးစတက်ခါစကတော့ မြို့တော်ဝန်ပဲပန်းခွေချတာပေါ့လေ။ အခုတော့ အားလုံးကဝိုင်းပြောတော့ မနှစ်ကစပြီး ဒု-သမ္မတပန်းခွေချတယ်ပေါ့လေ။ နောက်ပြီးတော့ အရင်တုန်းကတော့နည်းနည်းလေးလှမ်းတဲ့ ဇရပ်တစ်ခုမှာ နေရတာပေါ့လေ။ အခုတော့ မဟုတ်တော့ဘူး။ အားလုံးကို စုပြီး တစ်နေရာထားတယ်။ ဒု-သမ္မတကလာနှုတ်ဆက်တယ်။ ဒါတွေကတိုးတက်လာတာပေါ့လေ။ ဒါပေမဲ့ တစ်ဆင့်တော့လိုသေးတယ်။ နိုင်ငံတော် အခမ်းအနားပေါ့။ နိုင်ငံတော်အခမ်းအနားဆိုရင် မိသားစုနဲ့အတူတူ ပန်းခွေချတယ် ပေါ့လေ။ မိသားစုကအကုန် အတူတူနေကြတယ်။ နေပြီးတော့ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ် စားပန်းခွေချတယ်။ နောက်ပြီးရင် ကျန်တဲ့သူတွေပန်းခွေချတယ်။အားလုံးက စင်မြင့်ပေါ်မှာအတူတူ။ သမ္မတ ကြီးမန်းဝင်းမောင်လက်ထက်၊ ဦးနေဝင်းလက်ထက် လုပ်ခဲ့ကြတာပေါ့။ နောက်ပိုင်းကျတော့မှ ဗိုလ်ချုပ်စော မောင်လက်ထက်ကျမှ နည်းနည်းကွဲသွားတာပေါ့။ တစ်ယောက်စီချရတယ်။ နောက်တစ်ခုက အာဇာနည် ကုန်းရဲ့ဒီဇိုင်းကရာသီဥတုနဲ့ မလိုက်ဘူး။ ဇူလိုင်ဆိုတာ အင်မတန်မိုးရွာတယ်။ အဲဒီမှာ မိုးရွာရင် အခမ်းအ နားကကြည့်လို့မကောင်းဘူး။ အရင်တုန်းကလို အမိုးနဲ့အကာရှိရင်ကောင်းတာပေါ့။ ဒါကတော့ Suggestion(အကြံပြုချက်)ပါ။

အာဇာနည်နေ့ကို မေ့မေ့ပျောက်ပျောက် ဖြစ်ခဲ့တဲ့အပေါ်မှာရော။

အဲဒါတော့ ဝမ်းနည်းစရာကောင်းတာပေါ့။ အရင်တုန်းက “၁၉ ဇူလိုင် မမေ့နိုင်” ဆိုပြီး သတင်းစာတွေမှာပါ တယ်။ ရေဒီယိုမှာအာဇာနည်ခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေပါတယ်။ အလံတစ်ဝက်ထူတယ်။ ဥသြဆွဲ တယ်။ဒါတွေက တစ်ခေတ်မှာပျောက်သွားခဲ့တယ်။ မနှစ်ကတော့ ပြန်လာတယ်ပေါ့။ ဒါပေမဲ့ အလံတစ်ဝက် ချတာတော့မရှိသေးဘူး။

ဝန်ကြီးဦးရာဇတ်တို့ခေတ်တုန်းက ဘာသာရေးနဲ့ပတ်သက်လို့ စည်းလုံးညီညွတ်အောင် လုပ်ခဲ့တာ တွေရှိလား။

ဒီတိုင်းပြည်က ဘာသာပေါင်းစုံနဲ့ အေးအေးချမ်းချမ်းနေခဲ့တဲ့တိုင်းပြည်။ ဦးအဖေက သူယုံတာက အစ္စလာမ် ဘာသာယုံကြည်တယ်။သူ့ကိုအစိုးရ Cabinet(ဝန်ကြီးအဖွဲ့)ထဲထည့်တဲ့ အခါကျတော့ ဆရာတော်ကြီး ၁၀ ပါးက စာရေးပြီး ဗိုလ်ချုပ်အောင်ဆန်းကိုပြောတယ်။ ဗိုလ်ချုပ်က ကက်ဘိနက်ထဲကိုထည့်ပေးတယ်။ အဲဒီ မှာဘာရှိသလဲဆိုတော့ ဘာသာရေး၊ လူမျိုးရေးဆိုတာ မရှိဘူး။ ဆရာကြီး က သူကိုယ်တိုင် အမျိုးသားရေး စိတ်ဓာတ်ရှိတယ်။ တိုင်းပြည်ကို ချစ်တယ်။ သူရဲ့ နေရှင်နယ်ကျောင်းမှာရှိတဲ့ ကျောင်းသား တွေကိုလည်း မျိုးချစ်စိတ်ရှိဖို့ အမြဲပြောဆို ဆုံးမတယ်။ နောက်ပြီး ဘာသာရေးနဲ့ဆိုရင်လည်း သူ့ကျောင်းမှာ ကိုရင်ဝတ် တွေကိုလက်ခံသင်ကြားပေးတယ်။ ဆွမ်းစားချိန်ဆွမ်းစားလို့ရတယ်။သူ့ကျောင်းတစ်ကျောင်းပဲရှိတယ်။ မနက် ကျောင်းတက်တာနဲ့ ဘုရားရှိခိုးရတယ်။ သူ့အဖေဘက်က ဆင်းသက်လာတာက အစ္စလာမ်ဘာသာ ကိုး ကွယ်တယ်။သူကလည်း အစ္စလာမ်ဘာသာယုံကြည်တယ်။ ဒါပေမဲ့ မန္တလေးမှာဆို ဗုဒ္ဓဘာသာအများစု ရှိ တယ်။သူသည်သဘောထားကြီးတယ်။ ငါအစ္စလာမ် ဖြစ်လို့ အစ္စလာမ်ဖြစ်ရမယ်လို့ မရှိဘူး။ အများစုသည် ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာနဲ့ ရောနေရမယ်။ ပြီးတော့သူ့ အမေက ဗုဒ္ဓဘာသာ။ ဆရာကြီး ဦးရာဇတ် မွေးချင်းတွေမှာ ဦးရာဇတ်တစ်ယောက်ပဲ အစ္စလာမ်။ ကျန်တဲ့ မောင်နှမတွေက ဗုဒ္ဓ ဘာသာ။ သူက လည်း အစ္စလာမ်ဆိုပေမယ့် ဗုဒ္ဓဘာသာကို မပစ်ပယ်ဘူး။

အဲဒီအချိန်တုန်းက ဘာသာပေါင်းစုံနဲ့ ညီညွတ်ရေးရှိတယ် ပြောရမှာပေါ့။

ဟုတ်တာပေါ့ ။ ဦးရာဇတ်ကိုဆိုရင် ပညာရေးနဲ့ အမျိုးသားစီမံရေး အင်မတန်အရေးကြီးတဲ့နေရာတွေ ပေး ထားတာပါ။တချို့က ဦးရာဇတ်က အစ္စလာမ်ဘာသာဝင် ဖြစ်လို့ ကက်ဘိနက်ထဲမှာထားလို့ အဆင် ပြေပါ့မ လားပြောတာရှိတယ်။ ဗိုလ်ချုပ်ကလုံးဝလက်မခံဘူး။ အရင်မန္တလေးမှာ ဖဆပလဥက္ကဋ္ဌ လုပ်ခဲ့တယ်။အဲဒီ တုန်းကဖမ်းမလား ဆီးမလားဆိုတဲ့အချိန်မှာ လုပ်ခဲ့တယ်။ နောက်ပိုင်း အဆင်ပြေလာတဲ့အချိန် မှာ ဥက္ကဋ္ဌ လုပ်ချင်သူတွေ ပေါလာတယ်။ ဗုဒ္ဓဘာသာအများစုရှိတဲ့ မန္တလေးလိုနေတဲ့ နေရာမှာ ဦးရာဇတ်လို အစ္စလာမ် ဘာသာကိုးကွယ်သူက လုပ်သင့်ပါ့မလားလို့ ပြောကြတယ်။ အဲတုန်းက လူကြီးတွေက မင်းတို့ အရင်တုန်း ကကြောက်တဲ့အချိန်တုန်းက သူလုပ်ခဲ့တာ။ အခုမှ သူလုပ်လို့ ဘာလို့မရ တာလဲလို့ ပြောခဲ့တယ်။ အဲဒါမျိုး တွေကဘာသာရေးနဲ့ပတ်သက်ပြီး မှတ်မိတာလေးတွေပေါ့။

မြန်မာနိုင်ငံက ဘာသာရေးကိုနွယ်တဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး နှစ်ဖက် ဘာသာဝင်တွေကိုရော ဘာများ ပြောချင်ပါသလဲ။

တစ်ခုခုက အဲဒီဘက်ကို ရောက်လာမှာစိုးလို့ ဒီဘက်ကိုDiversion  (အာရုံလွှဲခြင်း) လုပ်လိုက်တာ။ အဲဒါက တော်တော်ကြောက်စရာကောင်းတာပေါ့။ အရေးကြီးတာ ပြည်သူလူထုက ပညာတတ်ဖို့ အရေးကြီး တယ်။ ပညာတတ်ရင် ဟုတ်လားမဟုတ်လားဆိုတာ ဆုံးဖြတ်နိုင်တာပေါ့။ အတွေ့ အကြုံရှိဖို့၊ အတွေ့အကြုံရင့် သန်ဖို့ အရေးကြီးတယ်။ အခုမန္တလေးမှာဆို တော်ရုံတန်ရုံ မဖြစ်တော့ဘူး။ မန္တလေးက တချို့ လူတွေက တော်တော်ပြည့်တယ်။ ပါမလာတော့ဘူး။ အဲလိုမျိုးပေါ့။ .. သေးသိမ်တဲ့ လူတစ်စုကို ဖော်ထုတ်ဖို့ အရေးကြီး တယ်။ ဒါကတိုင်းပြည်အနေနဲ့လည်းရှက်ဖို့ကောင်းတယ်။ သမ္မတကြီးအနေနဲ့လည်း အာဆီယံဥက္ကဋ္ဌဖြစ် လ ပြီ။ အာဆီယံထဲမှာဆိုရင် ဘရူနိုင်းတို့၊ မလေးရှားတို့၊ အင်ဒို နီးရှားတို့ ဆိုရင်လည်း အစ္စလာမ်ဘာသာ ကိုး ကွယ်တာ ၉၀ ရာခိုင်နှုန်းအထက်ရှိတယ်။ အဲဒီဟာတွေ တုံ့ပြန်တာလည်း အရေးကြီးတယ်။ အာဆီယံ ညီ ညွတ်မှုက အရေးကြီးတယ်။ ဒီလောက် တိုင်းပြည်က အေးချမ်းတာကို ဘာကြောင့် ဒီလိုဖြစ်ချင်တာလဲ။

အာဇာနည်ခေါင်းဆောင်တစ်ဦးရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

သူကတော့ တိုင်းပြည်ကိုကောင်းအောင်လုပ်တာပေါ့။ တိုင်းပြည်ကောင်းအောင်လုပ်ရင် အကုန်လုံးက ထောက်ခံကြတယ်။ ဦးတို့ကတော့ သူရဲ့လုပ်ဆောင်ချက်ကို သဘောကျတယ်။ သူကသတ္တိရှိတယ်။ ပြီး တော့သူက ျ sacrifice(စွန့်လွှတ်ခြင်း) လုပ်တယ်။ ဘယ်သူမှမလုပ်နိုင်ဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required