GQ မှချီးမြှင့်သည့် အမျိုးသား အကောင်းဆုံးအဝတ်အစားဆင်ယင်မှုဆုကို Zayn Malik ဆွတ်ခူး

GQ မှချီးမြှင့်သည့် အမျိုးသား အကောင်းဆုံးအဝတ်အစားဆင်ယင်မှုဆုကို Zayn Malik ဆွတ်ခူး

One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ဟာ GQ မှ ချီးမြှင့်သည့်အမျိုးသား အကောင်းဆုံးအဝတ်အစား  ဆင်ယင်မှုဆုကို ဆွတ်ခူးခဲ့ပါတယ်။

၂၃နှစ်အရွယ်ရှိ အဆိုတော်ဖြစ်သူ Zayn ဟာ နာမည်ကြီးမင်းသား Tom Hiddleston ကို ကျော်ဖြတ်ပြီး စာဖတ်သူပရိတ်သတ်များရဲ့မဲပေါင်း ၅၉ ရာခိုင်နှုန်းဖြင့် အဆိုပါ ဆုကိုဆွတ်ခူးခဲ့တာဖြစ်ကြောင်း GQ Online အရ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၃ခုနှစ်တုန်းကလည်း Zayn ဟာ သူရဲ့စတိုင်ရှိရှိ ၀တ်စားဆင်ယင်မှုကြောင့် လူသိများကာ ယခုလိုဆုမျိုးရရှိဖူးပြီး သူဟာ အခုဆိုရင် ဒီလိုဂုဏ်ပြုမှုမျိုးကို နှစ်ကြိမ်တိုင်ရရှိဖူးတဲ့ တစ်ဦးတည်းသော အမျိုးသားတစ်ယောက်ဖြစ်လာပါပြီ။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required