တရုတ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် စင်ပြိုကျမှုတွင် သေဆုံးသူ ရ၄ ဦးအထိ ရှိလာ

တရုတ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင် စင်ပြိုကျမှုတွင် သေဆုံးသူ ရ၄ ဦးအထိ ရှိလာ

ပေကျင်း၊ နိုဝင်ဘာ ၂၅ ။             ။ တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်တစ်ခုတွင် စင်ပြိုကျမှုကြောင့် နိုဝင်ဘာ ၂၅ ရက်တွင် သေဆုံးသူ ရ၄ ဦးအထိ ရှိလာကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။

ကျန်ကျိပြည်နယ် ဖန်ချန်းမြို၌ နိုဝင်ဘာ ၂၄ ရက်က ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ စီမံကိန်းရှိ အအေးပေးမျှော်စင်တည်ဆောက်သည့် ငြမ်းပြိုကျမှုတွင် သေဆုံးသူများမှာ အသက် ၂၃ နှစ်မှ ၅၃ နှစ်အရွယ်ကြား ရှိသူများဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မျှော်စင်မှ ကရိန်းပြတ်ကျရာမှ ငြမ်းစင်တစ်ခုလုံး ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ချိုင်းနားဒေလီ သတင်းစာတွင် ဖော်ပြသည်။

ယမန်နှစ်က ဆိပ်ကမ်းမြို့တော် တန်ကျင်းတွင် ဓာတုဗေဒပစ္စည်းပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ လူ ၁၇၀ ကျော် သေဆုံးခဲ့သည်။ သွေးများနှင့် အရင်းအနှီးပြု ပေးဆပ်ခဲ့ရမှုများအပေါ် သင်ခန်းစာယူကြရန် သမ္မတရှီကျင့်ဖျင်က ထိုစဉ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required