မန်ယူအတွက် ဥရောပ ဂိုးအများဆုံးသွင်းသူ ရွန်နီဖြစ်လာ

မန်ယူအတွက် ဥရောပ ဂိုးအများဆုံးသွင်းသူ ရွန်နီဖြစ်လာ

နိုဝင်ဘာ ၂၅၊ မန်ချက်စတာ။                 ။ ဝိန်းရွန်နီသည် ၉၆ ပွဲကစား၊ သွင်းဂိုး ၃၉ ဂိုးဖြင့် နစ္စတယ်ရွိုင်းကိုကျော်ဖြတ်ပြီး မန်ချက်စတာယူနိုက်တက်အသင်း၏ ဥရောပ သွင်းဂိုးအများဆုံး ကစားသမား   ဖြစ်လာခဲ့သည်။

အသင်းခေါင်းဆောင်သည် အိုးထရက်ဖို့ဒ်တွင်ကစားသော ယူရိုပါလိဂ်ပွဲတွင် အီဘရာဟီမိုဗစ်၏ ပေးပို့မှုမှတစ်ဆင့် ဖီယင်နုဂိုးသမား ဘရက်ဂျံုးစ်ကိုကျော်ကာ အဖွင့်ဂိုးသွင်းယူခဲ့သည်။

မန်ယူအတွက်ဂိုးများကို ရွန်နီ၊ မာတာ၊ အီဘရာဟီမိုဗစ်နှင့် လင်ဂတ်တို့က သွင်းယူခဲ့ပြီး ဖီယင်နုကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဥရောပွဲများတွင်မန်ယူအတွက်ဂိုးအများဆုံးသွင်းထားသူများမှာ ၄၇ ပွဲကစား၊ ၃၈ ဂိုးသွင်းသည့် နစ္စတယ်ရွိုင်း၊ ၁၅၈ ပွဲကစား ၂၉ ဂိုးသွင်းသည့် ရွိုင်ယန်ဂစ်နှင့် ၃၃ ပွဲကစား ၂၈ ဂိုးသွင်းသည့် ဒင်းနစ်လောတို့ဖြစ်သည်။

ရွန်နီသည် ပထမဆုံးဥရောပသွင်းဂိုးများကို ၂၀၀၄ တွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဖီနာဘာချီအသင်းဘက်သို့ ဟက်ထရစ်သွင်းယူပြီး ရရှိခဲ့သည်။

ဖီယင်နုနှင့်ပွဲတွင်သွင်းယူခဲ့သောဂိုးမှာ တိုက်စစ်မှူးရွန်နီအတွက် ၂၄၈ ဂိုးမြောက်ဖြစ်ပြီး မန်ယူအသင်းအတွက်ဂိုးအများဆုံးသွင်း ထားသည့် ဘော်ဘီချာလ်တန်၏စံချိန်ကိုလိုက်မီရန် တစ်ဂိုးသာလိုတော့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required