မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်က သမ္မန်စာ ဆင့်ဆိုထား

မြန်မာသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်က သမ္မန်စာ ဆင့်ဆိုထား
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဈေးအနီးရှိ ထိန်းသိမ်းထားသော ဘင်္ဂလီများအား ရဲတစ်ဦးမှ စောင့်ကြပ်နေစဉ်

ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးများ လုပ်ဆောင်နေခြင်းကြောင့် ဘင်္ဂလီများ ထွက်ပြေးလာခြင်းနှင့် ပတ်သက်ပြီး အလေးအနက်စိုးရိမ်ပူပန်မှုကို ဖော်ပြရန် မြန်မာနိုင်ငံသံအမတ်ကြီးအား ဘင်္ဂလားဒေ့ရှ်က သမ္မန်စာ ဆင့်ဆိုထားသည်။

အိမ်နီးချင်းမြန်မာနိုင်ငံမှ လူများ ဘေးကင်းခိုလှုံမှုရရန် ဝင်ရောက်လာနေလျက်ရှိသည်ဟု ယင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက  နယ်စပ်ကင်းလှည့်မှုများကို   ဆောင်ရွက်နေပြီး ထွက်ပြေးလာသူ ဘင်္ဂလီအများစုကို ပြန်လည်ပို့ပေးလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ရခိုင်ဘက်မှ လူများ ဝင်ရောက်ခြင်းများကို ရပ်တန့်နိုင်ရန် မြန်မာဘက်အား တိုက်တွန်းထားကြောင်း  ထုတ်ပြန်ချက် တစ်ရပ်၌   ဖော်ပြသည်။

“ ကျွန်တော်တို့ဘက်၌ နယ်ခြားစောင့်တပ်က လူများ ဝင်ရောက်လာမှုကို တားဆီးနေသော်လည်း အမျိုးသမီးနှင့် ကလေးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် မြန်မာဘက်က လူထောင်ပေါင်းများစွာ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်နေကြောင်း ” အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ နယ်စပ်တွင်လည်း ထောင်ပေါင်းများစွာ စုရုံးရောက်ရှိနေကြောင်း သတင်းများလည်း ရှိထားသည် ”ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

လှေ အစီး ၂၀ ဖြင့် ဘင်္ဂလီ ၁၅၀ ခန့်ရှိ ဝင်ရောက်လာသူများအား နိုင်ငံတွင်း ဝင်ရောက်မှုများ ရပ်တန့်ရေးအလို့ငှာ မြန်မာဖက်သို့ ပြန်ပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ က နိုဝင်ဘာ ၂၂ ရက်တွင် ပြောခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required