လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်ကို ဆောက်သမ်တန်အငှားဖြင့် ခေါ်ယူလို

လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်ကို ဆောက်သမ်တန်အငှားဖြင့် ခေါ်ယူလို

နိုဝင်ဘာ ၂၄၊ လီဗာပူးလ်။          ။ ဆောက်သမ်တန်အသင်းသည် လီဗာပူးလ်တိုက်စစ်မှူး စတာရစ်ချ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အငှားဖြင့် ခေါ်ယူ နိုင်ရန် မျှော်လင့်နေသည်။

ယင်းတိုက်စစ်မှူးသည် ယခုနှစ်ဘောလုံးရာသီတွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး နည်းပြကလော့ပ်မှာ တိုက်စစ်တွင် ဖာမီနိုကို ပွဲထွက်ကစားစေလျှက်ရှိသည်။

သို့ဖြစ်ရာ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူချင်သည့်အသင်းများတွင် ဆောက်သမ်တန်အသင်းလည်းပါဝင်လာခဲ့ခြင်းဖြစ်သည်။ နည်းပြကလော့ပ်အနေဖြင့် နောက်ထပ်ကစားသမားခေါ်ယူမှုများပြုလုပ်နိုင်ရန် လာမည့်အပြောင်းအရွှေ့တွင် အသက် ၂၇ နှစ် အရွယ်စတာရစ်ချ်ကို ထွက်ခွာခွင့်ပြုဖွယ်ရှိသည်ဟု ဒေးလီးအိတ်စ်ပရက်စ်က ဖော်ပြထားသည်။

ဆောက်သမ်တန်နည်းပြကလာ့ပွဲမှာ တိုက်စစ်မှူးကို နွေရာသီတွင် ပေါင် ၂၅ သန်းဖြင့်အပြီးခေါ်ခွင့်ရနိုင်မည့် ရည်မှန်းချက်ဖြင့် လက်ကျန်ရာသီအတွက် အငှားဖြင့်ခေါ်ယူလိုနေခြင်းဖြစ်သည်။

စတာရစ်ချ်သည် ယခုနှစ်ပရီးမီးယားလိဂ်တွင် ငါးပွဲသာပွဲထွက်ကစားထားရပြီး ဂိုးပေါက်ပျောက်လျှက်ရှိသည်။ ဆောက်သမ်တန် နှင့်ဂိုးမရှိသရေကျသည့်ပွဲတွင် ၁၂ မိနစ်ခန့်ပါဝင်ကစားခဲ့ရသည်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly