လက်စတာကစားသမားတစ်ဦးလျှင် ဆုကြေးပေါင်တစ်သိန်း ရရှိမည်

လက်စတာကစားသမားတစ်ဦးလျှင် ဆုကြေးပေါင်တစ်သိန်း ရရှိမည်

နိုဝင်ဘာ ၂၄၊ လက်စတာ။            ။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အုပ်စုပထမအဖြစ်နှင့် နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သောကြောင့် လက်စတာကစားသမားတစ်ဦးလျှင် အပိုဆုကြေး ပေါင်တစ်သိန်းစီ ရရှိမည်ဖြစ်သည်။

ယင်းမှာ ရာသီမစခင်ကတည်းက ကြိုတင်သဘောတူထားခဲ့ခြင်းဖြစ်ပြီး ရှုံးထွက်အဆင့်သို့တက်ရောက်ခဲ့ပါက ဆုကြေး ဂဏန်း ခြောက်လုံးခန့်ရမည်ဟု ယူဆရခြင်းဖြစ်သည်။

လက်စတာအသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်သို့တက်ရောက်နိုင်သဖြင့် ဆုကြေးပေါင် ၄ ဒသမ ၆ သန်းနီးပါး၊ နိုင်ပွဲ တစ်ပွဲချင်းစီအတွက် ပေါင် ၁ ဒသမ ၃ သန်းနီးပါး၊ သရေပွဲတစ်ပွဲချင်းစီ အတွက်  ပေါင် ၄၂၀, ၀၀၀ ရရှိမည်ဖြစ်ရာ ၁၃ မှတ်ရခဲ့ သည့် အင်္ဂလိပ်ချန်ပီယံအသင်းအတွက်ဆုကြေးစုစုပေါင်း ပေါင် ၅ ဒသမ ၆ သန်းရရှိနေပြီဖြစ်သည်။

ကစားသမားများအနေဖြင့် ယင်းဆုကြေးပမာဏထဲမှ ပေါင် ၂ ဒသမ ၅ သန်းကိုခွဲဝေရရှိမည်ဖြစ်ရာ ချန်ပီယံလိဂ် ၂၄ ဦးစာရင်းဝင် ကစားသမားများအနေဖြင့် တစ်ဦးလျှင် ပေါင်တစ်သိန်းစီရမည်ဖြစ်သည်။

နောက်ထပ်အဆင့်များသို့တက်ရောက်နိုင်ဦးမည်ဆိုပါကလည်း ဆွေးနွေးညှိနှိုင်းမှုများအရ များပြားသောဆုကြေးများကို လက်ခံ ရရှိဦးမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required