တရုတ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ ဆောက်လုပ်ဆဲ စင်မြင့်တစ်ခုပြိုကျ လူ ၄၀ သေဆုံး

တရုတ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ ဆောက်လုပ်ဆဲ စင်မြင့်တစ်ခုပြိုကျ လူ ၄၀ သေဆုံး

ပေကျင်း၊ နိုဝင်ဘာ ၂၄ ။             ။ တရုတ်နိုင်ငံ ကျန်စီပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံရှိ ရေပူကို ပြန်မသုံးမီ အအေးခံစင်မြင့် ဆောက်လုပ်လျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်၌ ပြိုကျမှုဖြစ်၍ လူ ၄၀ သေဆုံးကြောင်း နိုင်ငံပိုင်ဆင်ဟွာသတင်းက ဖော်ပြသည်။

ထိုမတော်တဆပြိုကျမှုသည် ဖန်ချန်းအရပ်တွင် နံနက် ခုနစ်နာရီဝန်းကျင်ခန့်က ဖြစ်ပွားခြင်းဖြစ်ပြီး ကယ်ဆယ်ရေးဝန်ထမ်းများ ဖြစ်ပွားရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းက   ဖော်ပြသော်လည်း အသေးစိတ် တင်ပြခြင်း မရှိပေ။

တရုတ်နိုင်ငံ၌ စက်မှုလုပ်ငန်းများတွင် သေကျေပျက်စီးမှုများ ရှိနေသော မတော်တဆမှုများ ဖြစ်ပွားလေ့ရှိရာ သတ္ထုမိုင်းတွင်းတူးဖော်ခြင်းလုပ်ငန်းများမှ မတော်တဆမှုများမှသည် စက်ရုံအလုပ်ရုံများ မီးလောင်မှုအထိ မတော်တဆမှုဖြစ်ရပ်များက ဆယ်စုနှစ်သုံးခုစာအတွင်း စီးပွားရေးလျင်မြန်ဖွံ့ဖြိုးမှုကို ထိုးနှက်လျက်ရှိရာ ယင်းမတော်တဆမှုများသည် စံချိန်စံညွန်းလျော့ရဲမှုများကြောင့် ဖြစ်ရကြောင်း အပြစ်ဆိုလျက်ရှိနေသည်။

နိုင်ငံအနေဖြင့် စက်မှုလုပ်ငန်းအလုပ်ရုံများတွင် ဘေးကင်းလုံခြံုရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် သံန္ဒိဌာန်ချထားသည်။ ပြီးခဲ့သည့်နှစ်က ထျန်အန်ကျင်းဆိပ်ကမ်းမြို့တွင် ဓာတုပေါက်ကွဲ မှုကြောင့် လူပေါင်း ၁၇၀ သေဆုံးမှုဖြစ်ခဲ့ပြီးနောက် သမ္မတရှီကျင့်ဖျင်က အာဏာပိုင်များအား သတိပေးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags