AFF SUZUKI CUP 2016 မှာ မြန်မာအသင်း ချန်ပီယံ ဖြစ်နိုင်မလား

AFF SUZUKI CUP 2016 မှာ မြန်မာအသင်း ချန်ပီယံ ဖြစ်နိုင်မလား

မြန်မာနိုင်ငံမှာ လက်ခံကျင်းပနေတဲ့ ၂၀၁၆ ဆူဇူကီးဖလားမှာ မြန်မာအသင်းက ဗီယက်နမ်နဲ့ တစ်ပွဲကစားခဲ့ပြီးပြီဆိုတော့ မြန်မာအသင်းဟာ အခု ၂၀၁၆ ဆူဇူကီးဖလားမှာ ချန်ပီယံဖြစ်လာနိုင်မလားဆိုတာ သုံးသပ်ကြည့်ကြပါဦး။

အခု ဆူဇူကီးဖလားမှာတော့ စိတ်ဓာတ်လေးအနည်းငယ် ကြိုးစားပြီးတော့၊ မြန်မာပရိသတ်တွေကို ထောက်ထားတဲ့အနေနဲ့ပေါ့။ ကြိုးစားရင်တော့ ဖြစ်နိုင်တယ်။ ကျွန်တော့အနေနဲ့တော့ ယုံကြည်တယ်။

-

 

 

 

ကျွန်တော်တို့မြန်မာအသင်းဟာ ဂျာမနီမှာလည်း လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်။ နိုင်ငံတကာခြေစမ်းပွဲတွေလည်း အများကြီးကစားခဲ့တဲ့အတွက်ကို ကျွန်တော်တို့မြန်မာအသင်းဟာ ဆူဇူကီးဖလားမှာ လုံးဝချန်ပီယံဖြစ်ရပါမယ်။

 

 

 

ချန်ပီယံဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာ ပရိသတ်ကတော ့အမြဲတမ်း ချန်ပီယံဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံမှာ လာကန်တဲ့အတွက်ကိုလည်း ချန်ပီယံဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကိုယ်ကအားပေးနေမယ် ။ ဒါပေမယ့် မျှော်လင့်ချက်ကတော့ ရင်ထဲမှာ အမြဲ ချန်ပီယံဖြစ်ချင်တယ် ။ ချန်ပီယံဖြစ်ချင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကတော့ ဘယ်တော့မှ သေသွားမှာမဟုတ်ဘူးပေါ့နော်။  အဲ့ဒီတော့ မြန်မာအသင်းက တစ်ခါတလေကြရင် ကိုယ်တွေက အရမ်းမထင်မှတ်ထားရင်တောင် သူတို့ရဲ့ကောင်းတဲ့အကွက်တွေပေါ့။  ထုတ်ပြတတ်တယ် ။ တစ်ခါတလေကြရင် သူတို့ရဲ့ Fighting Spring က ပိုကောင်းတဲ့အချိန်မျိုး ဖြစ်လာမယ်။  ပရိသတ်ကလည်း ဒီထက်ပိုပြီးတော့ ကွင်းလုံးပြည့် တစ်နိုင်ငံလုံးအားပေးမယ်ဆိုလို့ရှိရင် ပရိသတ်နဲ့မြန်မာအသင်းနဲ့ တစ်သားတည်း ဖြစ်သွားတဲ့ အချိန်ကျလို့ရှိရင် ချန်ပီယံမဟုတ်ရင်တောင်မှ ပရိသတ်ကျေနပ်မယ့် ရလဒ်လေးရမယ်လို့ မျှော်လင့်ပါတယ်။

 

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် အခုလက်ရှိခြေအနေနဲ့ဆိုလို့ရှိရင် ကျွန်တော်တို့ အရမ်းလောဘကြီးလို့ မရဘူး။ ကျွန်တော်တို့ရဲ့လောဘ ၊ ကျွန်တော်တို့ အားပေးပုံမှားယွင်းလို့ရှိရင် ကစားသမားတွေအပေါ်မှာ ဖိအားပေးမိသလိုဖြစ်သွားမယ်ပေါ့။  အဲ့ဒီအတွက် ပရိသတ်ပြောချင်တာက ချန်ပီယံဖြစ်ချင်တယ် ။ ဒါပေမယ့် ကျွန်တော်အပါအဝင်၊ ပရိသတ်အားလုံးရဲ့ လိုချင်မှုသည် အကောင်းဆုံးကြိုးစားမှုကိုပဲ လိုချင်တာပါ ။ ချန်ပီယံမဖြစ်လို့လည်း အပြစ်မြင်မှာ မဟုတ်ပါဘူး ။ အကောင်းဆုံးကြိုးစားပေးဖို့ ၊ အကုန်လုံး ရှိသမျှစွမ်းအားထက် ပိုပြီးတော့ ပေးဆပ်ဖို့၊  ပိုပြီးတော့ ရုန်းကန်ကစားပေးဖို့ အဲ့ဒါကိုပဲ ကျွန်တော်တို့ လိုချင်တာပါ ။ ချန်ပီယံကတော့ ဖြစ်ချင်ပါတယ်။

 

ဖြစ်နိုင်ပါတယ် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ အားပေးတဲ့ပရိသတ်တွေလည်း အများကြီးရှိတယ် ။ ညီမတို့လည်း အမြဲတမ်း အားပေးနေပါတယ်။

 

 

 

 

ဗိုလ်လုပွဲလောက်တော့ တက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

 

 

 

ဒီအုပ်စု ကျွတ်နိုင်တယ်ပေါ့နော် ။ အုပ်စုကနေ ကျွတ်သွားတယ် ။ ဆီမီးဖိုင်နယ်ရောက်လို့မှ ပထမ ရမရဆိုတဲ့ ဟာ ကြည့်လို့ရမယ်ထင်တယ်။

 

 

 

ယောက်ျားလေးတွေ ဘောလုံးကစားသလိုတော့ မသုံးသပ်တတ်ဘူးပေါ့နော်။ ဒါပေမယ့် ညီမအနေနဲ့ကတော့ မြန်မာလူမျိုးတစ်ယောက်လည်းဖြစ်တယ် ။ အမြဲတမ်းလည်း ဘောလုံးပွဲတွေ ကြည့်ဖြစ်တယ် ။ အဲ့ဒီအတွက်ကြောင့် ညီမအနေနဲ့ အမြဲတမ်း နိုင်စေချင်တာပေါ့နော် ။ ဆူဇူကီးဖလားကိုလည်း ချန်ပီယံဖြစ်စေချင်တယ် ။ ဖြစ်လည်းဖြစ်ရမယ်ပေါ့။ အစ်ကိုတွေအကုန်လုံးလည်း ကြိုးစားတယ် ။ အဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ကိုနိုင်ရမယ်ပေါ့နော်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required