အမေရိကန်သတင်းများရဲ့အဆိုအရ ရုပ်ရှင်မင်းသမီး Amber Heard ဟာ “London Fields” ဇာတ်ကားရဲ့ ထုတ်လုပ်သူတွေရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။
ဒီ သည်းထိတ်ရင်ဖိုဇာတ်ကားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ကနေဒါနိုင်ငံ တိုရန်တိုမြို့မှာ ပွဲဦးထွက်ပြသဖို့စီစဉ် ထားပြီးသားဖြစ်ပေမယ့် ဒါရိုက်တာ နဲ့ ထုတ်လုပ်သူတွေကြား အကြီးအကျယ်စကားများရန်ဖြစ်ပြီးနောက်ပိုင်း ပြသဖို့ နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။
Variety သတင်းရဲ့အဆိုအရ ထုတ်လုပ်သူ Chris Hanley နဲ့ Jordan Gertner တို့ဟာ ဒီဇာတ်ကားကို တမင်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ ဒေါ်လာ ၁၀ သန်းလျော်ပေးရန် မင်းသမီး Amber Heard အား တရားစွဲဆိုတာဖြစ်ပါတယ်။
မင်းသမီးရဲ့ ရှေ့နေကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ ဒီဇာတ်ကား ဟာ Martin Amis ရဲ့ ၀တ္ထု ကို အခြေခံကာ ရိုက်ကူးထားပြီး မင်းသားကြီး Johnny Depp ကတော့ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါ၀င် ထားပါတယ်။