AMA ဆုပေးပွဲ၌ Melania Trump ရဲ့ ပုံစံဖမ်း၍ သရုပ်ဆောင်ပြခဲ့မှုအတွက် Gigi Hadid တောင်းပန်

AMA ဆုပေးပွဲ၌ Melania Trump ရဲ့ ပုံစံဖမ်း၍ သရုပ်ဆောင်ပြခဲ့မှုအတွက် Gigi Hadid တောင်းပန်

ပြီးခဲ့တဲ့ တနင်္ဂနွေညက ပြုလုပ်ခဲ့တဲ့ American Music Award ဆုပေးပွဲမှာ အမေရိကန်သမ္မတသစ် Donald Trump ရဲ့ ဇနီး Melania Trump ရဲ့ပုံသဏ္ဌာန် အတိုင်းသရုပ်ဆောင်ပြခဲ့တဲ့ စူပါမော်ဒယ် Gigi Hadid ဟာ သူမရဲ့လုပ်ရပ်နဲ့ပက်သက်ပြီး twitter ပေါ်မှာ စာရေးတောင်းပန်ခဲ့ပါတယ်။

“ကျမ တစ်ယောက်ယောက်ကို ဒေါသထွက်စေခဲ့ရင်၊ စော်ကားမိသလိုဖြစ်ခဲ့ရင် ကျမတောင်းပန်ပါတယ်၊ ကျမတို့ရဲ့နိုင်ငံအတွက် အကောင်းဆုံးတွေပဲ ဖြစ်စေချင်တဲ့ ဆန္ဒပဲရှိပါတယ်” လို့ သူမရဲ့ ကိုယ်ပိုင် twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။

သူမဟာ ဆုပေးပွဲမှာ အစီအစဉ်တက်ဆက်သူလုပ်ခဲ့ပြီး သမ္မကတော်ဖြစ်လာတော့မယ့် Melania Trump ရဲ့ ဥရောပ အသံထွက်အတိုင်း စကားပြောခဲ့ကာ ဟန်အမူအရာပြုလုပ် လှောင်ပြောင်ခဲ့ပါတယ်။

ဒါဟာ Melania Trump က လက်ရှိသမ္မတ ကတော် Michelle Obama ရဲ့ မိန့်ခွန်းကို ကူးယူပြောကြားခဲ့တာကို လှောင်ပြောင် ရည်ညွှန်းတယ်လို့ ပရိတ်သတ်တွေက ယူဆပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required