မူဆယ်တိုက်ပွဲများကြောင့် တရုတ်အခွန်ရုံး ကျည်မှန်၍ ပျက်စီးမှုဖြစ်ဟု သံရုံးအရာရှိပြော

မူဆယ်တိုက်ပွဲများကြောင့် တရုတ်အခွန်ရုံး ကျည်မှန်၍ ပျက်စီးမှုဖြစ်ဟု သံရုံးအရာရှိပြော

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည် စစ်ပွဲက နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် ပြင်းထန်ရာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်းရှိ နယ်စပ် ဝန်တန်မြို့ရှိ အစိုးရအခွန်ရုံးတစ်ရုံး ကျည်မှန် ပျက်စီးမှုဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၁ ရက်တွင် Global Times သို့ ပြောသည်။

ဝန်တန်မြို့တွင်းရှိ ဌာနေအခွန်ဗျုရိုရုံး၏ စကြံ င်္က ကျည်မှန်ပျက်စီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းပြန်ကြားရေးအကြီးအကဲ ပန်ရှုဆောင်းက ပြောသည်။ သေဆုံးထိခိုက်မှု သတင်း မသိရသေးပေ။

မြန်မာနိုင်ငံ မြောက်ပိုင်း ရှမ်းပြည်နယ် မူဆယ်တွင် နိုဝင်ဘာ ၂၁ ရက်က တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ မဟာမိတ်တပ်များကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ သုံးဖွဲ့ဆိုင် မဟာမိတ်တပ်ဖြစ်သော ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နှင့် ကိုးကန့်တပ်များက ပန်ဆိုင်းရဲစခန်းကို တောင်ကုန်းတစ်ခုမှ လက်နက်ငယ်နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းပြန်ကြားရေးကော်မတီက ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း တရုတ်နိုင်ငံသားတစ်ဦး ကျည်ထိမှန်၍ မြန်မာတာဝန်ရှိသူများဖက် အရေးဆိုထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက နိုဝင်ဘာ ၂၁ ရက်က ပြောသည်။

ဝန်တန်မြို့တွင် မြန်မာစစ်ဘေးရှောင်များအား ရွက်ဖျင်တဲများဖြင့် နေရာချပေးထားသည်ကို ဂလိုဘယ်တိုင်းမ်စ်သတင်းထောက်များက မြင်တွေ့ခဲ့သည်။ ရဲက အဆိုပါဒုက္ခသည်စခန်းအား လုံခြံုရေးယူထားပြီး မြို့လမ်းများတွင်လည်း ရဲ၊ စစ်တပ်နှင့် အရေးပေါ်ယာဉ်များကို ဟိုသည်တစ်စု တွေ့ရသည်။

“မြန်မာဖက်သွားတဲ့ နယ်စပ်ဂိတ်က ခြောက်ကပ်သွားတယ်။ ဒီနေရာဟာ အရင် အလွန်စည်တဲ့ နေရာပါ။”ဟု ဌာနေကားဒရိုင်ဘာတစ်ဦးက ဂလိုဘယ်တိုင်းမ်စ်သို့ ပြောပြီး မြို့နေများအနေဖြင့် တိုက်ပွဲများကြောင့် အတော်လေးထိခိုက်ရကြောင်း ဖြည့်စွက်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly