ဒေါက်တာအံ့ထွန်းမောင် လွတ်မြောက်ခြင်းအတွက် လန်ဒန်ရှိ မြန်မာသံရုံးမှ ဝမ်းမြောက်ကြောင်း ကြေငြာချက်ထုတ်

ဒေါက်တာအံ့ထွန်းမောင် လွတ်မြောက်ခြင်းအတွက် လန်ဒန်ရှိ မြန်မာသံရုံးမှ ဝမ်းမြောက်ကြောင်း ကြေငြာချက်ထုတ်

မြန်မာလူမျိုးဆရာဝန်တစ်ယောက်ဖြစ်သူ ဒေါက်တာအံ့ထွန်းမောင်အပေါ် စွဲချက်တင်ခဲ့တဲ့အမှုဟာ နားလည်မှုလွဲမှားခြင်း ဖြစ်ပြီး ပြန်လည်စစ်ဆေးရာတွင်အပြစ်မရှိကြောင်း တရားရုံးမှ ဆုံးဖြတ်လိုက်ခြင်းကြောင့် လန်ဒန်မြို့ရှိ မြန်မာသံရုံးမှ စာနာဝမ်းမြောက်ကြောင်း ကြေညာချက်တစ်ရပ်ကို နိုဝင်ဘာလ ၁၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဧပြီလအတွင်းက လန်ဒန်မြို့ရှိ ဆေးခန်းသို့ လာရောက်တဲ့ ဆယ်ကျော်သက် လူနာအမျိုးသမီးရဲ့ ရင်သားကို ကိုင်တွယ်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပြီး ဆေးကုသခွင့် ရပ်ဆိုင်းခံရခြင်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒေါက်တာအံ့ထွန်းမောင်အနေနဲ့ ရပ်ဆိုင်းထားခြင်းခံထားရတဲ့ ဆေးကုသခွင့် အမြန်ဆုံးရရှိရန်နဲ့  အဖြစ်မှန်ပေါ်ပေါက်ရေးအတွက် လိုက်ပါကူညီဆောင်ရွက်ခဲ့တဲ့ မြန်မာလူမျိုးဆရာဝန်များ၊ လုပ်ဖော်ကိုင်ဖက်ဆရာဝန်နဲ့ ကူညီခဲ့သူများကို ကျေးဇူးတင််ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ဒီကြေညာချက်ကို ဒေါက်တာအံ့ထွန်းမောင်ရဲ့ ဇနီးဖြစ်သူ စာရေးဆရာမ လွန်းထားထားရဲ့ လူမှုကွန်ယက်စာမျက်မှာမှာ နိုဝင်ဘာလ ၂၁ရက်က မျှဝေထားတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly