သူရရွှေမန်းက ပုဒ်မ ၆၆(ဃ) ပတ်သက်ပြီး သဘောထား တောင်းခံ

သူရရွှေမန်းက ပုဒ်မ ၆၆(ဃ) ပတ်သက်ပြီး သဘောထား တောင်းခံ

ဆက်သွယ်ရေးဥပဒေပုဒ်မ  ၆၆(ဃ)နှင့် ပတ်သက်ပြီး သူရရွှေမန်းက ပြည်သူတွေရဲ့သဘောထားမှတ်ချက်ကို နိုဝင်ဘာလ ၂၁ ရက်မှာ လူမှုကွန်ယက်စာမျက်နှာက တဆင့် တောင်းခံလာခဲ့သည်။

လူတစ်ဦးတစ်ယောက်၊ တစ်ဖွဲ့အတွက် မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားအတွက် ကာကွယ်ရန်နှင့်၊ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေတစ်မျိုး မဖြစ်စေရန်အတွက် ဆိုပြီး အောက်ပါအချက်လေးချက်အား ပြည်သူတွေရဲ့ သဘောထားမှတ်ချက်အဖြစ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

 “ ပုဒ်မ ၆၆(ဃ) ကို ဆက်လက်ထားရှိရမယ် ၊ ဒါပေမယ့် ပြင်သင့်တာကို ပြင်ရမယ်၊ အထူးသဖြင့် အာမခံပေးခြင်းနှင့် လုပ်ထုံးလုပ်နည်းအပိုင်းကြောင့် မလိုအပ်တဲ့  ပြသနာတွေဖြစ်နေရတယ် ၊  ဒါ့အပြင် စိတ်ဝမ်းကွဲမှု၊ အထင်အမြင်လွဲပြီး ရင်ကြားစေ့ရေးကို ခက်ခဲစေမှု၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပမ်းဆင်းရဲမှုများကြောင့် ဖြစ်ပေါ်နေရသည်ဟု ဝေဖန်ထောက်ပြအကြံပြုမှုများ ရှိနေကြပါတယ် ” ဆိုတဲ့ အချက်တွေအပေါ်မှာ ဘယ်လိုသဘောထားမှတ်ချက်ပေးလိုကြပါသလဲ လို့ ပြည်သူများနှင့်အတူဆိုပြီး မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၆ ရက်က Daily Eleven သတင်းစာပါ “ဝန်ကြီးချုပ်တစ်ဦးအား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဒေါ်လာ ၁ သိန်းတန် နာရီတစ်လုံး ပေးခဲ့ကြောင်း” အယ်ဒီတာအာဘော်တွင် ထည့်သွင်းရေးသားချက်နှင့် ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven မီဒီယာဂရု၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့် အရေးယူခဲ့ပြီးနောက် ပုဒ်မ ၆၆(ဃ)အပေါ် အခုလို သဘောထားအမြင် တောင်းခံလာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required