Amerian Music Awards ၌ အကောင်းဆုံး Rap/Hip Hop အယ်လ်ဘမ်ဆုကိုရရှိခဲ့တဲ့ Drake

Amerian Music Awards ၌ အကောင်းဆုံး Rap/Hip Hop အယ်လ်ဘမ်ဆုကိုရရှိခဲ့တဲ့ Drake

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ American Music Awards ဆုပေးပွဲမှာ ကနေဒါ Rap အဆိုတော် Darke ဟာ သူ့ဘဝရဲ့ ပထမဦးဆုံး American Music Awards ဆု ကို ဆွတ်ခူးခဲ့ပါတယ်။ American Music Awards ဆု ဟာ ပရိသတ်တွေကအွန်လိုင်းမှတစ်ဆင့်ပေးတဲ့ မဲတွေနဲ့ ဆုံးဖြတ်ရွေးချယ်တာဖြစ်ပါတယ်။

အသက် ၃၀အရွယ်ရှိပြီဖြစ်တဲ့ Darke ဟာ သူရဲ့ အောင်မြင်တဲ့ အခွေဖြစ်တဲ့ View အယ်လ်ဘမ်နဲ့ ဆု ၁၃ ဆုမှာ စာရင်းသွင်းခံရပြီး အကောင်းဆုံး Rap/Hip Hop Album ဆုကို ဆွတ်ခူးခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း One direction အဖွဲ့ဝင်ဟောင်း Zayn ကတော့ Best New Artist ဆုကို  ကနေဒါအဆိုတော် Shawn Mendes ကိုကျော်ဖြတ်ပြီးဆွတ်ခူးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required