ဒေါ်နယ်ထရမ့်ကိုသာ ဦးစားပေးကြောင်း ပြောခဲ့၍ Kanye West အား သူ့ပရိသတ်များမှ လှောင်ပြောင်အော်ဟစ်

ဒေါ်နယ်ထရမ့်ကိုသာ ဦးစားပေးကြောင်း ပြောခဲ့၍ Kanye West အား သူ့ပရိသတ်များမှ လှောင်ပြောင်အော်ဟစ်

နာမည်ကျော် Rap အဆိုတော် Kanye West က သူသာ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်သာ မဲပေးခဲ့မယ်ဆိုရင် ဒေါ်နယ်ထရမ့်ကိုသာ ရွေးချယ် မဲပေးမည်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့မှာပြုလုပ်ခဲ့တဲ့ သူ့ရဲ့ရှိုးပွဲမှာ “ကျနော် ဒီရွေးကောက်ပွဲမှာ မဲမပေးခဲ့ရဘူးလို့ ခင်ဗျားတို့ကိုကျနော်ပြောခဲ့ပါတယ်၊ ဒါပေမယ့် တကယ်လို့သာ ကျနော်မဲပေးခဲ့မယ် ဆိုရင် ဒေါ်နယ်ထရမ့်ကိုသာ ရွေးချယ် မဲပေးမယ်ဆိုတဲ့အကြောင်း မပြောခဲ့ရဘူး”လို့ သူ့ပရိသတ်တွေကိုပြောခဲ့ပါတယ်။

ဒေါသထွက်ခဲ့တဲ့ ပရိတ်သတ်တွေဟာ စတိတ်စင်ပေါ်ကို ပစ္စည်းတွေနဲ့ပစ်ပေါက်ခဲ့ပြီး အဆိုတော်ကိုလည်း လှောင်ပြောင်အော်ဟစ်ကာ တုံ့ပြန်ခဲ့ပါတယ်။

West က သူဟာ ထရမ့်နဲ့ ဟီလာရီတို့ ရဲ့ စကားရည်လုပွဲကိုသဘောကျနှစ်ခြိုက်ပြီး ထရမ့်ရဲ့ ချဉ်းကပ်ပုံဟာ ပါရမီရှင်ပီသကာ အလုပ်လည်းဖြစ်ခဲ့ကြောင်း ဆက်ပြောခဲ့ပါတယ်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required