ကမ္ဘောဒီးယားတွင် ပထမဆုံး ဇီကာကူးစက်မှု တွေ့ရှိ

ကမ္ဘောဒီးယားတွင် ပထမဆုံး ဇီကာကူးစက်မှု တွေ့ရှိ

ဖနွမ်းပင်၊ နိုဝင်ဘာ ၁၉ ။           ။ ကမ္ဘောဒီးယားနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း ဇီကာပိုး ငုပ်လျှိုးနေရာမှ ယခုတွင် ပထမဆုံးအဖြစ် ဇီကာပိုးကူးစက်သူကို တွေ့ရှိကြောင်း နိုဝင်ဘာ ၁၈ ရက်တွင် အစိုးရက ထုတ်ပြန်သည်။

ကွမ်ပွန်ချမ်းပြည်နယ်တွင်း ကွမ်ပွန်ဆီအမ်းခရိုင်ရှိ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကမ္ဘာတွင် ပျံ့နှံ့ဖြစ်ပွားနေသော ခြင်မှတစ်ဆင့်ကူးစက်သည့် ဇီကာပိုး ကူးစက်ခံရကြောင်း တွေ့ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ပြီးခဲ့သည့်နိုဝင်ဘာ ၁၄ ရက်က ယင်းအမျိုးသားက ဆေးရုံတက်ရောက်လာခြင်းဖြစ်ပြီး ကုသကာ ပြန်လည်ကောင်းမွန်လာ၍ နိုဝင်ဘာ ၁၈ ရက်တွင် ဆေးရုံမှ ဆင်းခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ယခုကူးစက်ခံရမှုသည် ကမ္ဘောဒီးယားနိုင်ငံအတွင်း ၂၀၁၀ နောက်ပိုင်း ပထမဆုံးဖြစ်ကာ ၂၀၀၇ ခုနှစ်နောက်ပိုင်း ရှစ်ယောက်မြောက် ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဇီကာကူးစက်ခံရလျှင် လူကြီးများတွင် နာဖျားမကျန်းမှုသာ ဖြစ်သော်လည်း ကိုယ်ဝန်သည်များတွင် ကူးစက်ပါက မွေးဖွားကလေးငယ်မှာ ဦးခေါင်းသေးငယ်ခြင်းနှင့် ဦးနှောက်ပုံမမှန်ခြင်းများဖြစ်၍   ကြောက်စရာ ရောဂါပိုးတစ်မျိုးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required