Adidas နှင့် စာချုပ်အရ ချန်ပီယံလိဂ် နှစ်ရာသီဆက် ဝင်ခွင့်မရရှိပါက မန်ယူအသင်း ပေါင်သန်း (၂၀)ကျော် နစ်နာမည်

Adidas နှင့် စာချုပ်အရ ချန်ပီယံလိဂ် နှစ်ရာသီဆက် ဝင်ခွင့်မရရှိပါက မန်ယူအသင်း ပေါင်သန်း (၂၀)ကျော် နစ်နာမည်

မန်ယူအသင်းဟာ လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက Adidas နှင့် ချုပ်ဆိုတားတဲ့ စာချုပ်အရ စပွန်ဆာကြေးဝင်ငွေ ပေါင်သန်း (၂၀) ကျော် နစ်နာဆုံးရှုံးမယ်လို့ သိရှိရပါတယ်။

ဂျာမန်အားကစားကုန်ပစ္စည်းထုတ်လုပ်တဲ့ Adidas ကုမ္ပဏီကြီးဟာ မန်ယူအသင်းနှင့် ပေါင်သန်း (၇၅၀)ဖြင့် (၁၀) နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အခုဆိုရင် စာချုပ်ချုပ်ဆိုမှု နှစ်ရာသီမြောက်ဖြစ်လာပါပြီ။

ပထမပတ်သုံးပတ်ဝင်ငွေ ကျဆင်းသွားကြောင်း ကြေညာပြီးနောက် Adidas နှင့် စာချုပ်ပါအချက်အလက်အရ ချန်ပီယံလိဂ် နှစ်ရာသီဆက် ဝင်ခွင့်မရရှိပါက စာချုပ်တန်ဖိုး (၃၀)ရာခိုင်နှုန်း လျှော့ချခံရမယ်လို့ ပါရှိတယ်လို့ မန်ယူအသင်းက ပြောပါတယ်။

လက်ရှိမှာတော့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာသာ ရောက်ရှိနေပါတယ်။

"ကျနော်တို့ နှစ်နှစ်ဆက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ထပ်ပြီးလွဲချော်နေအုံးမယ်ဆိုရင် Adidas နှင့် စာချုပ်အရ တစ်နှစ်တာ စပွန်ဆာကြေး ၃၀ ရာခိုင်နှုန်း လျှော့ချခံရမှာပါ။ ဥပမာ စာချုပ်တန်ဖိုးက တစ်နှစ် ပေါင်သန်း ရ၀ ပေးတယ်ဆိုရင် ပေါင် ၂၁ သန်း ဆုံးရှုံးတဲ့ အနေအထားဖြစ်ပါတယ်"လို့ မန်ယူအသင်းရဲ့ ဘဏ္ဍာရေးတာဝန်ခံ ကလစ်ဖ်ဘာတီက ပြောပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်မရရှိခဲ့တာကြောင့် ၂၀၁၆-၁၄ ဘဏ္ဍာရေးနှစ်မှာ ဝင်ငွေကျဆင်းနှင့်ပြီးအပြင် ကြွေးမြီ ပေါင် ၃၃၇.၇ သန်းဖြင့် ၁၈ ရာခိုင်နှုန်းအထိ အကြီးအကျယ် မြင့်တက်လာခဲ့ပါတယ်။

"ဒီသုံးလပတ်အတွက် ကျနော်တို့ရဲ့ ဘဏ္ဍာရေးရလဒ်က ယူအီးအက်ဖ်အေပြိုင်ပွဲမှာ ပါဝင်ခွင့် မရရှိတဲ့ သက်ရောက်တဲ့ ထင်ဟပ်မှုပါပဲ "လို့ ယူနိုက်တက် အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး အက်ဒ် ဝုဒ်ဝက်ဒ်က ပြောပါတယ်။

ဒါပေမယ့် ကလပ်ရဲ့ စီးပွားဖြစ် ဝင်ငွေဟာ ပေါင် ရ၄.၃ သန်းဖြင့် ၄.၄ ရာခိုင်နှုန်းထိ မြင့်တက်လာတာနှင်အတူ ယခုနှစ် ဝင်ငွေမှာ ပေါင် ၅၃၀ သန်းနှင့် ၅၄၀ သန်းအကြား ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ယူနိုက်တာဟာ နွေရာသီအပြောင်းအရွေ့ကာလက ပေါင် ၈၉ သန်းနဲ့ ကမ္ဘာ့စံချိန်တင် ခေါ်ယူမှုတစ်ရပ်အဖြစ် ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့အပါအဝင် ကစားသမား ၄ ဦးကို ခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၆ မှာ ရပ်တည်နေပြီး လိဂ်ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ နှစ်ပွဲကစားရန် ကျန်ရှိချိန် နောက်တဆင့် တက်လှမ်းမယ့် နေရာရဲ့ ပြင်ပမှာ ရပ်တည်နေပါတယ်။

Ref; BBC Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required