ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ဝင်ငွေ ကျဆင်း

ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးမှုကြောင့် မန်ချက်စတာယူနိုက်တက်အသင်း ဝင်ငွေ ကျဆင်း
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် အသင်းရဲ့ ဝင်ငွေဟာလည်း ကျဆင်းသွားတယ်လို့ သိရှိရပါတယ်။

ကလပ်အသင်းရဲ့ ပထမသုံးလပတ် ဝင်ငွေ (စက်တင်ဘာ ၃၀ ထိ)ဟာ ပေါင် ၃.၂ သန်းဖြင့် ၂.၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားသလို အကြီးမားဆုံး ကျဆင်းသွားတာကတော့ ကွင်းဝင်ကြေးဖြစ်ပြီး ပေါင် ၁၆ သန်း (၃၂.၃ ရာခိုင်နှုန်း) ကျင်းဆင်းသွားပါတယ်။

ဝင်ငွေအကြီးအကျယ် ကျသွားတာကတော့ ပြီးခဲ့တဲ့ ၁၂ လအကြာက အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ယူနိုက်တက်အသင်းဟာ အိမ်ကွင်း ကစားတဲ့ပွဲ ၃ ပွဲ လျော့နည်းနေတာကြောင့်ဖြစ်ပါတယ်။

အီးယူမှ ခွဲထွက်ရန် မဲပေးဆုံးဖြတ်ခဲ့တဲ့ Brexit နောက်ပိုင်း ဒေါ်လာစျေးကို မပြိုင်နိုင်တဲ့ ပေါင်တန်ဖိုးကျင်းဆင်းမှုအရ ယူနိုက်တက်ရဲ့ ကြွေးမြီဟာလည်း ပေါင် ၃၃၇.၇ သန်းဖြင့် ၁၈ ရာခိုင်နှုန်းအထိ အကြီးအကျယ် မြင့်တက်လာပါတယ်။

"ဒီသုံးလပတ်အတွက် ကျနော်တို့ရဲ့ ဘဏ္ဍာရေးရလဒ်က ယူအီးအက်ဖ်အေပြိုင်ပွဲမှာ ပါဝင်ခွင့် မရရှိတဲ့ သက်ရောက်တဲ့ ထင်ဟပ်မှုပါပဲ "လို့ ယူနိုက်တက် အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး အက်ဒ် ဝုဒ်ဝက်ဒ်က ပြောပါတယ်။

ဒါပေမယ့် ကလပ်ရဲ့ စီးပွားဖြစ် ဝင်ငွေဟာ ပေါင် ရ၄.၃ သန်းဖြင့် ၄.၄ ရာခိုင်နှုန်းထိ မြင့်တက်လာတာနှင်အတူ ယခုနှစ် ဝင်ငွေမှာ ပေါင် ၅၃၀ သန်းနှင့် ၅၄၀ သန်းအကြား ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ယူနိုက်တာဟာ နွေရာသီအပြောင်းအရွေ့ကာလက ပေါင် ၈၉ သန်းနဲ့ ကမ္ဘာ့စံချိန်တင် ခေါ်ယူမှုတစ်ရပ်အဖြစ် ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာနှင့် ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်တို့အပါအဝင် ကစားသမား ၄ ဦးကို ခေါ်ယူခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် ၆ မှာ ရပ်တည်နေပြီး လိဂ်ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာတော့ နှစ်ပွဲကစားရန် ကျန်ရှိချိန် နောက်တဆင့် တက်လှမ်းမယ့် နေရာရဲ့ ပြင်ပမှာ ရပ်တည်နေပါတယ်။

Source: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required