American Music Awards အတွက် အစီအစဉ်တင်ဆက်သူများ စာရင်း ထွက်ပေါ်

American Music Awards အတွက် အစီအစဉ်တင်ဆက်သူများ စာရင်း ထွက်ပေါ်

American Music Awards အစီအစဉ်တင်ဆက်မည့် သူများစာရင်းထဲမှာတော့ နာမည်ကျော် အနုပညာရှင်တွေပါ၀င်လာပါတယ်။

ဒီဆုပေးပွဲအခမ်းအနားမှာ နာမည်ကျော်မော်ဒယ် Gigi Hadid နဲ့ နာမည်ကျော်လူရွှင်တော် Jay Pharaoh တို့က အတူတူတကွ အစီအစဉ်တင်ဆက်ကြမှာဖြစ်ပြီး နောက်ထပ်အခြားနာမည်ကြီး အနုပညာရှင်တွေလည်း ဆုကြေညာပေးမယ့် စာရင်းမှာပါ၀င်လာဦးမှာပါ။

အခုလာမည့် တနင်္ဂနွေနေ့မှာ ကျင်းပမည့် ဆုပေးပွဲအခမ်းအနားမှာ ဆုကြေညာပေးမယ့်သူတွေကတော့  Ironman သရုပ်ဆောင် Robert Downey Jr, Vampire Diaries စီးရီးရဲ့ သရုပ်ဆောင် Nina Dobrev, အခြားနာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ Taraji P. HensonCiaraJulianne Hough နဲ့ Matt Bomer တို့ပဲဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားမှာ နာမည်ကျော်အဆိုတော်တွေဖြစ်တဲ့ Lady Gaga, Fifth Harmony, James Bay, Bruno Mars, The Chainsmokers နဲ့ အခြားနာမည်ကျော်အနုပညာရှင်တွေက သီဆိုဖျော်ဖြေပေးမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required