သက်ရှိတွေ ထိန်းသိမ်းစောင့်ရှောက်ရေး မြှင့်တင်ဖို့ စင်္ကာပူက ဒိုင်နိုဆောတွေကို ပြသ

သက်ရှိတွေ ထိန်းသိမ်းစောင့်ရှောက်ရေး မြှင့်တင်ဖို့ စင်္ကာပူက ဒိုင်နိုဆောတွေကို ပြသ
(ဓာတ်ပုံ - အီးပီအေ)

ဒီကနေ့ ကမ္ဘာမှာ တိရိစ္ဆာန်တွေ မျိုးသုဉ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေအကြောင်းကို ပိုမိုသိရှိနားလည်လာစေဖို့ စင်္ကာပူနိုင်ငံရဲ့ Zoorassic Park မှာ ဒိုင်နိုဆောတွေကို နိုဝင်ဘာ ၁၆ ရက်နေ့က ထုတ်ဖော်ပြသခဲ့ပါတယ်။

Tyrannosaurus Rex, Stegosaurus နှင့် Triceratops အမျိုးအစားတွေအပါအဝင် စက်ရုပ်လိုလှုပ်ရှားနိုင်တဲ့ ဒိုင်နိုဆောတွေကို ပြသထားတဲ့ စင်္ကာပူ တိရိစ္ဆာန်ရုံမှာ အနီးကပ် မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

"ဒိုင်နိုဆောတွေဟာ ပဥ္စမမျိုးစိတ်မှာ ကမ္ဘာ့မျက်နှာပြင်ပေါ်က ပျောက်ကွယ်သွားပြီး ဒီကနေ့မှာတော့ ကျနော်တို့ဟာ ဝမ်းနည်းစွာနဲ့ပဲ ဖြစ်နိုင်ဖွယ် ဆဌမမျိုးစိတ်ကို ကြည့်ရှုနေရပါတယ်"လို့ စင်္ကာပူ တောရိုင်းတိရစ္ဆာန် ပညာပေး ဒါရိုက်တာ မေလခ်က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

"တိရိစ္ဆာန် မျိုးစိတ်တွေဟာ မကြံုစဖူူးနှုန်းနဲ့ သုတ်သင်ဖယ်ရှားခံနေရပါတယ်။ နောက်ဆုံး နှစ် ၅၀ အတွင်း ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲများရဲ့ ၆၇ ရာခိုင်နှုန်းခန့်ကို ကျနော်တို့ ဆုံးရှုံးခဲ့ပါပြီ"လို့ မေလခ်က ဆိုပါတယ်။

ထိန်းသိမ်းစောင့်ရှောက်မှုရဲ့ အရေးပါမှုနှင့် ပတ်သက်လို့ လာရောက်ကြည့်ရှုသူတွေကို ပညာပေးဖို့ ရည်ရွယ်ထားတဲ့ အဆိုပါ Zoorassic Park ကို အများပြည်သူ ကြည့်ရှုနိုင်ရန် နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

"ဒီ Zoorassic Park မှတဆင့် တိရိစ္ဆာန်တွေ ကြံုတွေ့နေရတ့ ပြဿနာအပေါ် ပိုမိုသိရှိနားလည်လာဖို့နှင့် နောက်မကျလွန်းမီ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲတွေကို ကယ်တင်ဖို့ လာရောက်ကြည့်ရှုသူတွေက ဝိုင်းရံကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်"လို့ မေလခ်က ပြောပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags