မက့်ဆေ့ချ်ပေးပို့တဲ့ ဝန်ဆောင်မှု အဆင့်မြှင့်တင်ရန် ကနေဒါအခြေစိုက် NewNet ကို ဆမ်ဆောင်း ဝယ်ယူ

မက့်ဆေ့ချ်ပေးပို့တဲ့ ဝန်ဆောင်မှု အဆင့်မြှင့်တင်ရန် ကနေဒါအခြေစိုက် NewNet ကို ဆမ်ဆောင်း ဝယ်ယူ
(ဓာတ်ပုံ - အီးပီအေ)

ဆမ်ဆောင်း အီလက်ထရောနစ်ကုမ္ပဏီက ၎င်းရဲ့ မက်ဆေ့ချ်ပေးပို့တဲ့ ဝန်ဆောင်မှုများကို အဆင့်မြှင့်ရန်အတွက် လာမယ့် မျိုးဆက်သစ် စာတိုမက်ဆေ့ချ်ပေးပို့မှုစနစ်ကို အထူးပြုတဲ့ ကနေဒါမှ ဆက်သွယ်ရေး နည်းပညာကုမ္ပဏီ NewNet ကို ဝယ်ယူလိုက်တယ်လို့ နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"ခေါ်ဆိုမှု ပိုမိုတိုးတက်ကောင်းမွန်ပြီး အုပ်စုဖွဲ့လိုက် chat ပြုလုပ်မှုနှင့် မာလ်တီမီဒီယာနှင့် HQ ဓာတ်ပုံများအပါအဝင် ကြီးမားတဲ့ ဖိုင်တွေကို လွှဲပြောင်းပေးပို့ရာတွင် အလွယ်တကူ ဝေမျှမှုလုပ်နိုင်တဲ့ စနစ်များကဲ့သို့သော အဆင့်မြင့် မက်ဆော့ချ်ပေးပို့မှုတွေ ပြုလုပ်နိုင်မှာဖြစ်တယ်"လို့ ဆမ်ဆောင်းက ကြေညာထဲမှာ ဖော်ပြထားပါတယ်။

ကနေဒါရှိ ဆမ်ဆောင်းကုမ္ပဏီရဲ့ လက်အောက်မှာ လွတ်လွတ်လပ်လွပ် ဆက်လက်လုပ်ကိုင်သွားမယ့် နိုဗာစာကိုရှား၊ ဟာလီဖက်စ်အခြေစိုက် NewNet ကို ဝယ်ယူခဲ့တဲ့ တန်ဖိုးကိုတော့ ဆမ်ဆောင်းက ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါ။

NewNet က နောက်မျိုးဆက် စာသားမက်ဆေ့ချ်ပေးပို့မှု စံနှုန်းသစ်ဖြစ်တဲ့ မိုဘိုင်းဖုန်းများအတွက် မက်ဆေ့ချ်ပေးပို့မှုစနစ် RCS (Rich Communications Services) ကို အဆင့်မြှင့်ပေးဖို့ အထူးပြုလုပ်ဆောင်ရွက်သွားမှာလို့ သိရပါတယ်။

ဆမ်ဆောင်းကုမ္ပဏီဟာ ၎င်းတို့ရဲ့ Galaxy Note 7 ဖုန်းဘထ္ထရီ မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် စက်တင်ဘာလက အဆိုပါဖုန်းများကို  စျေးကွက်ထဲမှ ပြန်သိမ်းခဲ့ရပြီးနောက် ဒေါ်လာဘီလီယံချီ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags