ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်များကို နိုဝင်ဘာလ ၁၇ ရက်တွင် စတင်ရောင်းချမည်

ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်များကို နိုဝင်ဘာလ ၁၇ ရက်တွင် စတင်ရောင်းချမည်

အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ ၂၀၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲကြီးကို နိုဝင်ဘာလ ၂၀ ရက်တွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်းကြီးမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကြိုတင်လက်မှတ်များကို နိုဝင်ဘာလ ၁၇ ရက်တွင် စတင်ရောင်းချပေးသွားမယ်လို့ သိရှိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းဟာ နိုဝင်ဘာလ ၂၀ ရက်တွင် ဗီယက်နမ်အသင်း၊ နိုဝင်ဘာလ ၂၃ ရက်တွင် ကမေ႓ာဒီးယားအသင်းး၊ နိုဝင်ဘာလ ၂၆ ရက်တွင် မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

လက်မှတ် ရောင်းချရာတွင် ကွန်ပြူတာ မှတ်ပုံတင်ခြင်း စနစ်ဖြင့် လာရောက် ဝယ်ယူသူများရဲ့ မှတ်ပုံတင်များကို မှတ်တမ်းတင် ထားမှာဖြစ်ကာ မှတ်ပုံတင် တစ်ခုလျှင် လက်မှတ် (၂)စောင်သာ ဝယ်ယူခွင့်ရှိမှာဖြစ်ပါတယ်။

လက်မှတ် စျေးနှုန်းအဖြစ် တစ်ရက်စာ (၂)ပွဲအတွက် အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ရိုးရိုးတန်း လက်မှတ်စျေးမှာ ၃၀၀၀ ကျပ် ဖြစ်ပါတယ်။

လက်မှတ်များကို တစ်ရက်ခြင်းအပြင် Package လက်မှတ်များပါ ရောင်းချမှာဖြစ်ပြီး သုံးရက်စာ လက်မှတ် သုံးစောင်ကို အထူးတန်း ၁၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၉၀၀၀ ကျပ်ဖြင့် ရောင်းချသွားမယ်လို့ သိရပါတယ်။

တစ်ရက်ခြင်းစီအတွက် လက်မှတ်များကို ပွဲနေ့ မတိုင်မီတွင် ကြိုတင်ရောင်းချမှာဖြစ်ပြီး တစ်ရက်ချင်းစီအတွက်သာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၀ ရက် ဗီယက်နမ်ပွဲစဉ်အတွက် လက်မှတ်များကို ၁၇၊ ၁၈၊ ၁၉ ရက်၊ နိုဝင်ဘာလ ၂၃ ရက် ကမေ႓ာဒီးယားပွဲစဉ်အတွက် လက်မှတ်များကို ၂၁၊ ၂၂ ရက်၊ နိုဝင်ဘာလ ၂၆ ရက် မလေးရှားပွဲစဉ်အတွက် လက်မှတ်များကို ၂၄၊ ၂၅ ရက်များတွင် ကြိုတင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။

လက်မှတ် ကြိုတင်ရောင်းချမှုများကို မြန်မာပလာဇာ၊ အောင်ဆန်းကွင်း အထူးတန်း ဝင်ပေါက်၊ ပဒုမ္မာကွင်း အထူးတန်း ဝင်ပေါက်နှင့် သုဝဏ္ဏကွင်း အသင်းတိုက် မှတ်တိုင်ဘက်ခြမ်း (ပြွန်လမ်း) ဂိတ်ပေါက်နှင့် ဝေဇယန္တာလမ်းဘက်ခြမ်း ဝင်ပေါက်များတွင် ပြုလုပ်သွားမှာဖြစ်ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required