ဆူဇူကီး ပြိုင်ပွဲဝင် မလေးရှား လက်ရွေးစင်အသင်း မြန်မာနိုင်ငံသို့ ရောက်ရှိ

ဆူဇူကီး ပြိုင်ပွဲဝင် မလေးရှား လက်ရွေးစင်အသင်း မြန်မာနိုင်ငံသို့ ရောက်ရှိ
(ဓာတ်ပုံ - MFF)

ဆူဇူကီးဖလား ၂၀၁၆ အုပ်စု(ခ) ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်တဲ့ မလေးရှား လက်ရွေးစင်အသင်း အုပ်စု (ခ) ပြိုင်ပွဲများကို လက်ခံကျင်းပမယ်ါ အိမ်ရှင် မြန်မာနိုင်ငံသို့ ဒီကနေ့ နေ့လည် ၁၁ နာရီက ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မလေးရှားအသင်းဟာ လက်ရွေးစင် ကစားသမား ၂၃ဦးနှင့်အတူ အုပ်ချုပ်သူနည်းပြ ၁၀ဦး၊ စုစုပေါင်း ၃၃ဦး မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး အုပ်ချုပ်သူနည်းပြအဖွဲ့တွင် ရန်ကုန်ယူနိုက်တက်မှာ ကြံ့ခိုင်ရေး နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့မလေးရှားနိုင်ငံသား ကိုင်ရို ပါဝင်လာပါတယ်။

ဆူဇူကီးဖလား ၂၀၁၆ အုပ်စု(ခ)တွင် အိမ်ရှင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မလေးရှားအသင်းတို့ပါဝင်ပြီး ဗီယက်နမ်အသင်းနှင့် ကမ္ဘောဒီးယား လက်ရွေးစင်အသင်းတို့ နိုဝင်ဘာလ ၁၅ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ကျန်ရှိနေတဲ့ မလေးရှား လက်ရွေးစင်အသင်း ယနေ့ ရောက်ရှိခဲ့တဲ့အတွက် ပြိုင်ပွဲဝင်အသင်းတွေ အားလုံး မြန်မာနိုင်ငံသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags