ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်ချိုးသွားတဲ့ Beauty and the Beast ထွေလာ

ကြည့်ရှုသူအများဆုံးအဖြစ် စံချိန်ချိုးသွားတဲ့ Beauty and the Beast ထွေလာ

၂၄ အတွင်း ကြည့်ရှုသူ အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ Fifty Shades Darker နဲ့ Star Wars တို့ရဲ့ ထွေလာ စံချိန်ကို Beauty and the Beast က ချိုးဖျက်သွားပါတယ်။

ဒစ်စနေးရဲ့ ကာတွန်းရုပ်ရှင်ကို သရုပ်ဆောင်တွေဖြင့်အသက်သွင်းထားတဲ့ Beauty and the Beast  ရုပ်ရှင်ကတော့ ရုံမတင်ခင် ကတည်းက စံချိန်တွေ ချိုးဖျက်နေပါတယ်။

အဆိုပါရုပ်ရှင်ရဲ့ ပထမဦးဆုံး ထွေလာကို  မနေ့က တရားဝင် ထုတ်လွှင့်ခဲ့ ပြီးပြီးချင်းမှာပဲ Fifty Shades Darker တင်ထားတဲ့ လူကြည့်အများဆုံး စံချိန်ကို ချိုးဖျက်လိုက်တာဖြစ်ပါတယ်။

Fifty Shades Darker  နဲ့ Stars Wars: The Force Awakens တို့ဟာ ကြည့်ရှုသူ ၁၁၄ သန်းနဲ့ ၁၁၂ သန်း အသီးသီးရှိခဲ့ကြတာပါ။

စတားသရုပ်ဆောင် Emma Watson ပါ၀င်ထားတဲ့ ယခုဇာတ်ကားသစ်ဟာတော့ ထွေလာကြည့်ရှုသူ ၁၂၇.၆ သန်း ဖြင့် စံချိန်သစ်တင်သွားတာဖြစ်ပါတယ်။

အဆိုပါ Beauty and the Beast ရုပ်ရှင်မှာ စတားသရုပ်ဆောင်တွေဖြစ်တဲ့ Ian McKellan, Audra McDonald, Stanley Tucci, Ewan McGregor , Dan Stevens, Luke Evans နဲ့ Emma Watson တို့ အားဖြည့်ပါ၀င်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly