Fantastic Beasts and Where to Find Them ရုပ်ရှင်ကို ဝေဖန်ရေးဆရာများ ချီးမွမ်း

Fantastic Beasts and Where to Find Them ရုပ်ရှင်ကို ဝေဖန်ရေးဆရာများ ချီးမွမ်း

Fantastic Beasts and Where to Find Them ရုပ်ရှင်ဟာ ဝေဖန်ရေးဆရာများထံမှ အပေါင်းလက္ခဏာ ဆောင်သော မှတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ပါတယ်။

ဟယ်ရီပေါ်တာကမ္ဘာထဲမှ ဇာတ်ကောင်များ ပါ၀င်သော အဆိုပါ ရုပ်ရှင်ဟာ ငါးကား ထွက်ရှိဖို့ စီစဉ်ထားပြီး ထိုထဲကမှ ပထမဦးဆုံး ရုပ်ရှင်ကို လာမည့် သောကြာနေ့တွင် UK ၌ စတင်ပြသမှာ ဖြစ်ပါတယ်။

The Guardian မှ ဝေဖန်ရေးဆရာ Peter Bradshaw က ဒီရုပ်ရှင်ကို ကြယ်ငါးပွင့် ပေးခဲ့ပြီး နယူးယောက်မြို့က စစ်ကြိုတိုက်ပွဲတွေအား ရပ်သပ်ရှုမောဖွယ် ဒစ်ဂျစ်တယ် ဖန်တီးမှုဖြင့် ဖန်တီးထားခြင်းကို ချီးမွမ်းခဲ့ပါတယ်။

The Daily Mail မှ Brian Viner ကတော့ သူဟာ အစတုန်းက ဒီရုပ်ရှင်ကို စုစုပေါင်း ငါးကားထုတ်လုပ်မည့်အပေါ် အဆိုးမြင်ခဲ့ပေမယ့် ဒီပထမဦးဆုံး ရုပ်ရှင်ကို ကြည့်မိကတည်းက ရုပ်ရှင်ဟာ သူ့အပေါ် လွှမ်းမိုးသွားပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

The Telegraph မှ Robbie Collin ကလည်း ဒီရုပ်ရှင်ကို ပြည့်စုံသေသပ်လှတဲ့ သရုပ်ဆောင်တွေကြောင့်  ကြယ်လေးပွင့်ပေးခဲ့ပြီး ချီးမွမ်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required