သောင်းနှင့်ချီတဲ့ လူပေါင်းများစွာ ကမ္ဘောဒီးယားမှာ သင်္ကြန်ပွဲတော် ဆင်နွှဲ

သောင်းနှင့်ချီတဲ့ လူပေါင်းများစွာ ကမ္ဘောဒီးယားမှာ သင်္ကြန်ပွဲတော် ဆင်နွှဲ
(ဓာတ်ပုံ - အီးပီအေ)

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ သင်္ကြန်ပွဲတော် ကျင်းပနေပြီး Tonle Sap မြစ်ပေါ်မှာ ရိုးရာလှေလှော်ပြိုင်ပွဲကို ကြည့်ရှုဖို့ လူသောင်းနှင့်ချီ လာရောက်ကြပါတယ်။ အဆိုပါပွဲတော်ကို နိုဝင်ဘာလ ၁၅ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပွဲတော်ရဲ့ အဓိက ဆောင်ပုဒ်က ခမာလို 'Non Om Touk' 'လှေလှော်ပွဲတော်'လို့ အဓိပ္ပာယ်ရပြီး ဒီနှစ်ပြိုင်ပွဲအတွက် လှေ (၂၅၇) စီးနဲ့ လှော်ခတ်သူ (၁၇,၇၀၆) ဦး စာရင်းသွင်းထားတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ နေရာအနှ့ံအပြားက လူပရိသတ်ရှေ့မှောက်မှာ ယှဉ်ပြိုင်ရတဲ့ ရောင်စုံလှေတွေပေါ်မှာ လူ ရ၀ ဦးအထိ ထိုင်စီးနိုင်ပါတယ်။

"သင်္ကြန်ပွဲတော်ကို နှစ်တော်တော်များများကြာ မလာရောက်နိုင်တဲ့နောက်မှာ အခုလိုပြန်လည် ဆင်နွှဲနိုင်တဲ့အတွက် အလွန်ပျော်ရွှင်နေပါတယ်"လို့ ဖနွမ်းပင်မှာ နေထိုင်သူ ဆိုပီကီးက EFE ကို ပြောပါတယ်။

၂၀၁၀ ခုနှစ်တုန်းက ပွဲတော်အတွင်း ထိတ်လန့်တကြားဖြစ်ပွားမှုတစ်ခုကြောင့် လူ ၃၅၃ ဦး သေဆုံးခဲ့ဖူးပါတယ်။

မြို့တော်နှင့် ပြည်နယ်များမှာ ကျင်းပနေတဲ့ ပွဲတော်အတွင်း နိုင်ငံခြားသား ခရီးသွားများအပါအဝင် လာရောက်သူများ ပျော်ရွှင်စွာ ဆင်နွှဲနိုင်အောင် လုံခြံုရေးနှင့် အများပြည်သူဆိုင်ရာ အမိန့်များထုတ်ပြန်နိုင်ဖို့ သေချာစွာ ပြုလုပ်ရန် ဝန်ကြီးချုပ် ဟွန်ဆန်က အာဏာပိုင်တွေကို လူမှုကွန်ရက်မှ တိုက်တွန်းထားပါတယ်။

အာဏာပိုင်များက ရဲအင်အား (၁၀,၀၀၀) နှင့် ဆရာဝန်၊ သူနာပြု (၉,၀၀၀) ခန့် ဖြန့်ကျက်ထားတယ်လို့ နိုင်ငံပိုင်အေဂျင်စီ Kampuchea မီဒီယာအရ သိရပါတယ်။

၂၀၁၀ ခုနှစ်က အဖြစ်ဆိုးနှင့် ၂၀၁၂ ခုနှစ်က ဘုရင် နိုယိုဒမ် ဆီဟာနု ကံကုန်မှုတွေကြောင့် မကြာသေးမီနှစ်များက အဆိုပါပွဲတော်ကို ဖျက်သိမ်းခဲ့ဖူးပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required