သုဝဏ္ဏကွင်းအတွင်း CCTV များ တပ်ဆင်ထား

သုဝဏ္ဏကွင်းအတွင်း CCTV များ တပ်ဆင်ထား
(ဓာတ်ပုံ - MFF)

အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲကြီးဖြစ်တဲ့ AFF Suzuki Cup 2016 ဘောလုံးပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် လုံခြံုရေး၊ ကစားကွင်းအတွင်း ဝန်ဆောင်မှုများနှင့် ပရိသတ်များ စနစ်တကျ အားပေးမှုများ ဖြစ်ပေါ်လာစေရန် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အထူးသဖြင့် ပွဲကြည့်ပရိသတ်များ စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်ရေးနှင့် မလိုလားအပ်တဲ့ ပြဿနာများ မဖြစ်ပွားစေရေးအတွက် CCTV ကင်မရာ အလုံး ၅၀ ကိုလည်း ကွင်းပတ်ပတ်လည်နှင့် ပွဲကြည့်စင်များပေါ်တွင် တပ်ဆင်ထားပြီးဖြစ်ပါတယ်။

အဆိုပါကင်မရာများမှတစ်ဆင့် ပရိသတ်များရဲ့ လုံခြံုရေးကို သက်ဆိုင်ရာလုံခြံုရေး အဖွဲ့အစည်းများ အကူညီဖြင့် စောင့်ကြည့်ကူညီပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင်  နိုဝင်ဘာလ ၂၀၊ ၂၃ နှင့် ၂၆ ရက်နေ့တွေ ပြုလုပ်မယ့် Suzuki Cup 2016 ပြိုင်ပွဲကာလအတွင်း အစားအသောက်ဆိုင် ရောင်းချလိုတဲ့ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဦးသန်းဝင်း၊ တာဝန်ခံ(ကွင်းရုံဌာန)၊ သုဝဏ္ဏကွင်း၊ ဖုန်း ၀၉-၅၀၄၈၁၉၅ သို ့ နိုဝင်ဘာလ ၁၇ ရက်နေ ့ နောက်ဆုံးထားဆက်သွယ်နိုင်ကြောင်း MFF က ဖိတ်ခေါ်ထားပါတယ်။

Source: Myanmar Football Federation

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required