ဖားကန့်တွင် ထိုးစစ်များ အမြန်ဆုံး ရပ်တန့်ရန် လူမျိုးပေါင်းစုံ အမျိုးသမီးများ ထပ်မံ ဆန္ဒဖော်ထုတ်

ဖားကန့်တွင် ထိုးစစ်များ အမြန်ဆုံး ရပ်တန့်ရန် လူမျိုးပေါင်းစုံ အမျိုးသမီးများ ထပ်မံ ဆန္ဒဖော်ထုတ်
ဓါတ်ပုံ ဖေ့ဘုတ် Myo Nyut

ချင်းမိုင်၊ နိုဝင်ဘာလ ၁၂ ။           ။ ကချင်ပြည်နယ် ဖားကန့်မြို့တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံမှ အမျိုးသမီး ထောင်ချီက မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှု အမြန်ဆုံးရပ်တန့်ရန် နိုဝင်ဘာလ ၁၂ ရက်က ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။

ဖားကန့်မြို့ပေါ် ကျောက်တိုင်ကွင်းတွင် လူမျိုးပေါင်းစုံ အမျီုးသမီးများ စစ်ပွဲရပ်ရန် ဆန္ဒဖော်ထုတ်သော ဟောပြောပွဲ ကျင်းပကာ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်မှုတွင် ဦးဆောင်သူ ဆရာမ လထော်ကိုင်လိန်က ပြောသည်။

“ကျမတို့ မြန်မာနိုင်ငံမှာ တိုက်ပွဲ ရပ်တန့်ဖို့၊ ကျမတို့ ကချင်တွေဘဲ မဟုတ်ဘူး။ တိုင်းရင်းသားလူမျိုးပေါင်းစုံက အမျိုးသမီးတွေ အားလုံး တိုက်ပွဲကို ဆန့်ကျင်တယ်ဆိုတာကို ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကချင်၊ ရခိုင်၊ ပအိုဝ်း၊ ရှမ်း စသည့် တိုင်းရင်းသားများအပါအဝင် လူမျိုးပေါင်းစုံမှ အမျိုးသမီး စုစုပေါင်း ၃၀၀၀ ကျော် ဆန္ဒဖော်ထုတ်ခဲ့သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဖားကန့်တွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ရပ်တန့်ရန်အတွက် ကချင်လူထု သောင်းချီက ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သည်။  

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required