ရွေးကောက်ပွဲလေ့လာစောင့်ကြည့် မည့်အဖွဲ့များလျောက် ထားနိုင်ပြီ

ရွေးကောက်ပွဲလေ့လာစောင့်ကြည့် မည့်အဖွဲ့များလျောက် ထားနိုင်ပြီ
မေလ ၂၂ ရက်က ရန်ကုန်မြို့ မင်္ဂလာဒဲံုမြို့နယ်တွင် ဖန်တီးအိမ် လူမှုအဖွဲ့အစည်းများ ရွာသူရွာသားများအား ရွေးကောက်ပွဲမဲပေးစနစ် သင်တန်းပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

ရန်ကုန် ဇူလိုင် ၁၈ ။     ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကိုလေ့လာစောင့်ကြည့် မည့်ပြည်တွင်းအရပ်ဖက် အဖွဲ့အစည်းများ ကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲများသို့ စတင်လျောက်ထားနိုင် ပြီဖြစ်ကြောင်းပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၇ရက်က ထုတ်ပြန်သည်။

လေ့လာစောင့်ကြည့်မည့် ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများသည့် ကော်မရှင်ကထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဆိုင်ရာ လေ့လာစောင့်ကြည့်ရေးလုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများအရ မဲဆန္ဒနယ်တစ်ခု ထက်ပိုပါက ခရိုင်အဖွဲ့ခွဲများ၊ ခရိုင်တစ်ခုထက်ပိုပါက သက်ဆိုင်ရာတိုင်း/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများနှင့် ယင်းအရေအတွက် ထက်ပိုပြီး တစ်နိုင်ငံလုံး တွင်စောင့်ကြည့်လိုပါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့တိုက်ရိုက်လျှောက်ထားရမည်ဖြစ်သည်။

ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများအပြင် မီဒီယာအဖွဲ့အစည်းများအနေဖြင့် လေ့လာစောင့်ကြည့်လိုပါကလည်း ၁ဦးမှ ၃ဦးထိ ပါဝင်သည့်အဖွဲ့ဖြင့် လျောက်ထားရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် သည်။

မီဒီယာအဖွဲ့အစည်းများက လေ့လာစောင့်ကြည့်ရာတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) မှ ထုတ်ပြန်ထားသည့် သတင်းမီဒီယာကျင့်ဝတ်တို့နှင့် အညီလိုက်နာရမည်ဟုလည်း ပါရှိသည်။

ပြည်တွင်းရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို သက်ဆိုင်ရာ ဥပဒေများမှစတင်ကာ မဲဆွယ် ကာလ၊ မဲဆန္ဒရှင်စာရင်း၊ မဲဆန္ဒနယ် သတ်မှတ်ခြင်း၊ ကိုယ်စားလှယ်လောင်း အမည်စာင်းသွင်းခြင်း၊ အတည်ပြုခြင်း၊ မဲလက်မှတ် ရိုက်နှိပ်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေး မဲရေတွက်ခြင်း၊ ကိုယ်စားလှယ်လောင်း အသုံးစရိတ်၊ ရလာဒ်ကြေငြာခြင်း လွှတ်တော် ကိုယ်စားလှယ် အမည်ကြေငြာခြင်း နှင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်း ဆုံးဖြတ်ခြင်းတို့ကိုဆောင်ရွက်နိုင် သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန်လ နောက်ဆုံးအပတ်တွင် ထုတ်ပြန်ခဲ့သည့်ပြည် တွင်းရွေးကောက် ပွဲလေ့လာစောင့် ကြည့်ရေး လုပ်ငန်းစဉ်များအရ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲကို လေ့လာ စောင့်ကြည့်မည့် ပြည်တွင်း အဖွဲ့အစည်းများ မှစောင့်ကြည့်မည့် သူတိုင်းသည်၊ တစ်ဦးချင်းစီအလိုက် ဝန်ခံဂတိပြုရမည်ဖြစ်သည်။

ကော်မရှင်ကထုတ်ပြန်သည့် ပြည်တွင်းလေ့လာစောင့်ကြည့်သူများကို လျှောက်ထားနိုင်ကြောင်း ထုတ်ပြန် ပြီးသော်လည်းပြည်ပ မှလာရောက်စောင့်ကြည့်မည့်အဖွဲ့များအတွက်မူ ထုတ်ပြန်မှုမရှိသေးပေ။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲကို အမေရိကန်အခြေစိုက် ကာတာဖောင်ဒေးရှင်းနှင့် ဥရောပသမဂ္ဂတို့က ကာလရှည်ဖြစ် သည့်ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ၊ ဥပဒေများမှစကာ အမတ်အမည် စာရင်းများ ထုတ်ပြန်သည် အထိ လေ့လာစောင့်ကြည့်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နားလည်းမှုစာချွန်လွှာ ရေးထိုးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly