ပြည်ခိုင်ဖြိုးပါတီက စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်

ပြည်ခိုင်ဖြိုးပါတီက စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်မည်

နေပြည်တော်(နိုဝင်ဘာ ၁၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ်နေသော စီးပွားရေးအခက်အခဲများအား လေ့လာသုံးသပ်နိုင်ရန်အတွက် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက သတင်းထုတ်ပြန်သည်။

ဆွေးနွေးပွဲကို နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါဌာနချုပ် သင်တန်းကျောင်းတွင် နိုဝင်ဘာ ၁၉ရက်နေ့တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

ဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အခြားသောနိုင်ငံရေးပါတီများနှင့် စီးပွားရေးဆိုင်ရာအဖွဲ့အစည်းများကိုလည်း ဖိတ်ကြားသွားမည် ဖြစ်သည်။

ဆွေးနွေးမည့်ခေါင်းစဉ်များမှာ မြန်မာနိုင်ငံစာရင်းအင်းအချက်အလက်များအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ ကုန်သွယ်ရေးနှင့် အခြေခံဈေးနှုန်း၊ စီးပွားရေးပိတ်ဆို့မှု ကင်းလွတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအလားအလာ၊ ဘဏ္ဍာရေးမူဝါဒ၊ ငွေကြေးမူဝါဒနှင့် နိုင်ငံတော်စီးပွားရေးပိတ်ဆို့မှု ကင်းလွတ်ခြင်းနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှုအလားအလာတို့ ဖြစ်သည်ဟု ပြည်ခိုင်ဖြိုးက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required