လာမည့် ဒီဇင်ဘာတွင် မြန်မာ ယူ-၂၂ အသင်းနှင့် မလေးရှားအသင်းတို့ ခြေစမ်းမည်

လာမည့် ဒီဇင်ဘာတွင် မြန်မာ ယူ-၂၂ အသင်းနှင့် မလေးရှားအသင်းတို့ ခြေစမ်းမည်
(ဓာတ်ပုံ - MFF)

၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသားဘောလုံးအသင်းဟာ လာမယ့် ဒီဇင်ဘာလတွင် မလေးရှားအသင်းနှင့် ခြေစမ်းကစားမယ်လို့ သိရှိရပါတယ်။

၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (မလေးရှားဆီးဂိမ်း)တွင် အမျိုးသားဘောလုံးပြိုင်ပွဲအား အသက် ၂၂ နှစ်အောက်အဖြစ် သတ်မှတ်ထားပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်းဟာ လာမည့် နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ကစားသမား ၂၆ ဦးဖြင့် စတင် စခန်းဝင်လေ့ကျင့်မှာဖြစ်ပြီး အဆိုပါအသင်းအား အသင်းနည်းပြချုပ်အဖြစ် နည်းပြ ဦးကြည်လွင်မှ တာဝန်ယူမှာဖြစ်ပါတယ်။

 မြန်မာ ယူ – ၂၂ အသင်းအနေနဲ့ ဒီဇင်ဘာ ၉ ရက်နှင့် ၁၂ ရက်များတွင် ရန်ကုန်မြို့မှာ မလေးရှားအသင်းနှင့် ချစ်ကြည်ရေး ခြေစမ်းကစားဖို့ စီစဉ်ထားပါတယ်။

ပဏာမမြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း ကစားသမားစာရင်း

ဂိုး - ဘုန်းသစ္စာမင်း(ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင်(MFF) ၊ ပြည့်လျှံအောင်(ရတနာပုံ)

နောက်တန်း - ထိုက်ထိုက်အောင်(ရှမ်းယူနိုက်တက်)၊ နန်းဝေမင်း(ရန်ကုန်ယူနိုက်တက်)၊ ထလျန်ဟုပ်ထန်း(ချင်း ယူနိုက်တက်)၊ နိုင်လင်းထွန်း(မကွေး)၊ ရဲရင့်အောင် (ရတနာပုံ)၊ သိန်းနိုင်ဦး (ဧရာဝတီယူနိုက်တက်)၊ စည်သူအောင် (ရတနာပုံ)၊ သီဟထက်အောင် (ရန်ကုန်ယူနိုက်တက်)၊ အောင်မိုးထွေး (ဇွဲကပင်)၊ အောင်ဟိန်းစိုးဦး (ဆောက် သမ်း)၊ လှိုင်မျိုးအောင် (ရှမ်းယူနိုက်တက်)၊ ဟိန်းနေဆန်း (ရတနာပုံ)

အလယ်တန်း - စွမ်းထက်အောင် (ရန်ကုန်ယူနိုက်တက်)၊ ရဲရင့်ထွန်း (ရတနာပုံ)၊ မောင်မောင်စိုး (မကွေး)၊ အောင်မိုးသူ (MFF)၊ နေမိုးအောင် (ဧရာဝတီယူနိုက်တက်)၊ မင်းကျော်ခန့်(ရန်ကုန်ယူနိုက်တက်)၊ ရန်ပိုင်စိုး (ဧရာဝတီယူနိုက်တက်)

ရှေ့တန်း - သန်းဇော်ဟိန်း(မကွေး)၊ ရှိုင်းသူရ(ရတနာပုံ)၊ ရွှေကို (ရှမ်းယူနိုက်တက်)၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်)

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required