ဟားမက်စ် အကြီးအကဲနှင့်ဆော်ဒီ ဘုရင်တို့ ရှားရှားပါးပါးတွေ့ဆုံ

ဟားမက်စ် အကြီးအကဲနှင့်ဆော်ဒီ ဘုရင်တို့ ရှားရှားပါးပါးတွေ့ဆုံ

ဒူဘိုင်း၊ ဇူလိုင် ၁၇ ။      ။ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုမှ ဟားမက်စ်အကြီးအကဲ ခါလက်မက်ရှားလ်နှင့် အခြားထိပ် တန်းခေါင်းဆောင်များသည် ဇူလိုင် ၁၇ က ဆော်ဒီအာရေးဘီးယားဘုရင် ဆယ်လ်မန်အပါအဝင် အခြား အဆင့်မြင့်ဆော်ဒီခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့သည်ဟု ဟားမက်စ်သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ယင်းသို့တွေ့ဆုံ မှုမှာနှစ်များစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

တွေ့ဆုံမှုတွင် ဟားမက်စ်နိုင်ငံရေးဦးဆောင်အဖွဲ့မှ ထိပ်တန်းခေါင်းဆောင်များသည် ဆော်ဒီဘုရင်၊ အိမ်ရှေ့မင်းသား၊ ကာကွယ်ရေးဝန်ကြီးတို့ပါဝင်ခဲ့ကြပြီး အမေရိကန်မဟာမိတ် ကွန်ဆာဗေးတစ် ဆော်ဒီနှင့် အစဉ်အလာ အီရန်မဟာမိတ် ဟားမက်စ်တို့ကြား သင့်မြတ်လိုသောသဘောတို့ရှိနိုင်သည်။ "ဟားမက်စ် ကိုယ်စားလှယ်အဖွဲ့ဟာ ပါလက်စတိုင်း ညီညွတ်ရေးနဲ့ ဒေသတွင်း နိုင်ငံရေးအခြေအနေတို့ကိုဆွေးနွေးခဲ့ပြီး ဒီအစည်းအဝေးကြောင့် ဟားမက်စ်နဲ့ ဆော်ဒီကြား ဆက်ဆံရေးဖွံ့ဖြိုးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်"ဟု အဆိုပါသတင်းရင်းမြစ်က ရိုက်တာသို့ ပြောကြားခဲ့သည်။

ဟားမက်စ်တို့သည် ဖာတာတွင် ပါလက်စတိုင်းပြိုင်ဘက်များနှင့် မရှည်ကြာသော သွေးစွန်းသော ပြည်တွင်းစစ်ပွဲဖြစ်ပွားပြီးနောက် ၂၀၀၇ခုနှစ်ကတည်းက ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်လျက်ရှိသည်။ ဟားမက်စ်တို့သည် အစ္စရေးတို့နှင့် စစ်ပွဲသုံးကြိမ်ဖြစ်ပွား ခဲ့ပြီး အစ္စရေးကိုဖျက်ဆီးပစ်မည်ဟု ဟားမက်စ်တို့က ကျုံးဝါးထားသည်။

၂၀၁၁ခုနှစ်က အာရပ်နွေဦးအပြီး ပြည်တွင်းစစ်နှင့် ပြိုင်ဘက်များကြောင့် ဟားမက်စ်အုပ်စုမှာ တုန်လှုပ်ခဲ့ရပြီး အဓိကအားဖြင့် အစ္စလာမစ်သူပုန်များနှင့် တိုက်ခိုက်နေသော အီရန်၏ မဟာမိတ် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ကို ထောက်ခံရန် အီရန်၏တိုက်တွန်းမှုကို ငြင်းပယ်ခဲ့မှုကြောင့် ဟားမက်စ်နှင့် အီရန်တို့ ဆက်ဆံရေးဆိုးဝါးလာခဲ့သည်။

ဟားမက်စ်၏ အကြီးတန်းခေါင်းဆောင်ပိုင်းအများအပြားသည် ကာတာသို့ တိတ်တဆိတ်ထွက်ခွာခဲ့ကြသည်။ သို့သော်လည်း ဓါတ်ငွေ့ကြွယ်ဝသော ကာတာနိုင်ငံငယ်လေးသည် အစ္စလာမစ်အုပ်စုများအပေါ် အကူအညီလျှော့ရန် ပင်လယ်ကွေ့အာရပ်နိုင်ငံ များက ဖိအားပေးလာခဲ့သည်။ ဟားမက်စ်နှင့် ဆော်ဒီတို့၏ ဆက်ဆံရေးမှာ ဆယ်လ်မန် ဆော်ဒီထီးနန်းကို ဆက်ခံခဲ့သည့် ဇန်နဝါရီလနောက် ပိုင်းကောင်းမွန် လာခဲ့သည်။

အာရပ်ကမ္ဘာကို အီရန်၏ကျူးကျော်မှုအဖြစ် ဆော်ဒီသည် ယီမင်တွင် အာရပ်စစ်ရေးစွက်ဖက်မှုကို ဦးဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly