အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း ကာလကတ္တာသို့ တိုက်ရိုက် ပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း ကာလကတ္တာသို့ တိုက်ရိုက် ပြေးဆွဲမည်
(ဓာတ်ပုံ - MAI)

ရန်ကုန်မှ အိန္ဒိယနိုင်ငံ၊ ကာလကတ္တာသို့ အသွားအပြန် ခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) က ဒီဇင်ဘာလ ၁ ရက်နေ့မှာ တိုက်ရိုက် စတင် ပြေးဆွဲမယ်လို့ သိရှိရပါတယ်။

ခရီးစဉ်သစ်ကို ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့တွေမှာ နှစ်ပတ်လျှင် နှစ်ကြိမ် ပြေးဆွဲသွားမယ်လို့ MAI လေကြောင်းလိုင်းက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အိန္ဒိယမှ ခရီးသွားဧည့်သည် ခန့်မှန်းခြေ ၃၄,၆၂၈ ဦး မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့တယ်လို့ TTR Weekly အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly