တရုတ်နာလံထမှုက အာရှစတော့ ရှယ်ယာများကို ကျားကန်ပေးဒေါ်လာစျေး လည်းမြင့်တက်လာ

တရုတ်နာလံထမှုက အာရှစတော့ ရှယ်ယာများကို ကျားကန်ပေးဒေါ်လာစျေး လည်းမြင့်တက်လာ

တိုကျို၊ ဇူလိုင်-၁၇ ။      ။ တရုတ်ဈေးကွက်က နာလံထမှုအားကောင်းခိုင်မာလာပြီး၊ ယခုနှစ်ကုန်လောက်မှာ အမေရိကန်ရဲ့ စီးပွားရေးအဆင့်ဟာ ထိုးတက်မြင့်မားလာဖို့ မျှော်လင့်ရတာကြောင့် ယူရို၊ ယန်းတို့နှင့်ယှဉ်လျှင် ဒေါ်လာငွေတန်ဖိုးတက်လာလို့ အာရှစတော့ဈေးကွက်မှာလည်း ဇူလိုင်လ ၁၇ရက်နေ့က မသိမသာ မြင့်တက်လာခဲ့သည်။

တရုတ်ရှယ်ယာများ လှုပ်ရှားတက်ကြွနေသည်ကလွဲလို့ အာရှစတော့အများစုက ငြိမ်နေတာကြောင့် ဗြိတိန်၏ FTSE၊ ဂျာမနီ၏ DAX နှင့် ပြင်သစ်၏ CACတို့နမှာ မဆိုစလောက် အနိမ့်ဈေးနဲ့ ဖွင့်လာလိမ့်မယ်လို့ ရှယ်ယာဈေးကစားသူ (Spreadbetters) များက ခန့်မှန်းခဲ့ကြသည်။

အစိုးရက ရှယ်ယာဈေးပြိုလဲမှုကို ရပ်တန့်အောင် ကျားကန်ထောက်ပံ့ပေးခဲ့ပြီးနောက်မှာ တရုတ်ရှယ်ယာများမှာ ပြန်လည်နာလန် ထလာခဲ့လို့ ဂျပန်ပြင်ပ အာရှပစိဖိတ်ရှယ်ယာများ၏ MSCI ညွှန်းကိန်းမှာ ဝ.၃ရာခိုင်နှုန်း တက်လာခဲ့သည်။ ရှန်ဟိုင်း ရှယ်ယာများ မှာလည်း နှစ်ရက်ဆက်တိုက်အဖြစ် ၂ရာခိုင်နှုန်း တက်လာခဲ့သည်။

‘ဈေးကွက်ကို ပြိုလဲမသွားအောင် တားဆီးဖို့ နိုင်ငံတော်အဖွဲ့က ဒီနေ့မှာလည်း ရှယ်ယာတွေကို ဆက်လက်ဝယ်ယူနေတယ်လို့ သံသယရှိပါတယ်’’ဟု ရှန်ဟိုင်း ဟိုင်တုန်းစတော့အိပ်ချိန်းမှ စတော့ကျွမ်းကျင်သူ ကျန်ကျိက ပြောကြားခဲ့သည်။  

နိုင်ငံတော်အဖွဲ့ (National Team)ဟူသည်မှာ တရုတ်အစိုးရအေဂျင်စီများ၊ ဘဏ်များ၊ ပွဲစားများနှင့် အပြန်အလှန်ထောက်ပံ့ရေး ရံပုံငွအဖွဲ့များကို တစုတစည်းတည်းခေါ်တွင်သည့် ဝေါဟာရဖြစ်ပြီး၊ ထိုအဖွဲ့က ရင်းနှီးမြှုပ်နှံသူများကြား ယုံကြည်မှု ကိုပြန်လည် ထိန်းသိမ်းထားနိုင်သည်အထိ ဈေးကွက်ထဲမှ ရှယ်ယာများကို ဝယ်ယူသည်။

တရုတ်အစိုးရ၏ ပြင်းထန်ထိရောက်သော ဆောင်ရွက်ချက်များက ရှယ်ယာဈေးနှုန်းကျဆင်းမှုကို ရပ်တန့်တားဆီး ပစ်နိုင်သော် လည်း စံရှန်ဟိုင်းညွှန်းကိန်းမှာမူ ရက်သတ္တတစ်ပတ်လုံးတွင် မဆိုစလောက်သာ ပြောင်းလဲမှုရှိခဲ့ပြီး လွန်ခဲ့သည့်လက ရနှစ်တာ အမြင့်ဆုံးသို့ရောက်ရှိသွားခဲ့ရာမှ ၂၀ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required