ပရီးမီးယားလိဂ် ဂိုး ၂၅,၀၀၀ ပြည့်ဂိုးကို သွင်းယူခဲ့သည့် အီဗရာဟီမိုဗစ်ချ်

ပရီးမီးယားလိဂ် ဂိုး ၂၅,၀၀၀ ပြည့်ဂိုးကို သွင်းယူခဲ့သည့် အီဗရာဟီမိုဗစ်ချ်

နိုဝင်ဘာ ၇၊ အင်္ဂလန် ။                 ။ မန်ယူအသင်းက ဆွမ်ဆီးအသင်းကို ၁-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မန်ယူတိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်သွင်းယူခဲ့သည့်ဂိုးမှာ ပရီးမီးယားလိဂ်သမိုင်းတွင် ဂိုး ၂၅,၀၀၀ ပြည့်မြောက်ခဲ့သည့် ဂိုးဖြစ်သည်။

ထို့အပြင် ထိုဂိုးသည် သူ၏ကစားသမားဘဝတစ်လျှောက် ဂိုး ၄၀၀ ပြည့်မြောက်သည့် ဂိုးလည်း ဖြစ်ခဲ့သည်။ အသက် ၃၅ နှစ်အရွယ်ရှိ အီဗရာဟီမိုဗစ်သည်။ မယ်လ်မို၊ အေဂျက်ဇ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ အေစီမီလန်၊ ပီအက်စ်ဂျီစသည့်အသင်းများတွင် ကစားခဲ့သည့် အသင်းတိုင်းနှင့်အတူ အောင်မြင်မှုများရရှိခဲ့သူ ဖြစ်သည်။

ပီအက်စ်ဂျီတွင် ကစားခဲ့သည့် လေးနှစ်တာကာလတွင် မိုဗစ်ချ်သည် ပွဲပေါင်း ၁၈၀ ကစားပြီး ၁၅၆ ဂိုးသွင်းပေးခဲ့သည်။ တစ်ပွဲလျှင် ပျမ်းမျှ ၁.၁၅ ဂိုးသွင်းယူခဲ့ပြီး ကမ္ဘာ့ဂိုးသွင်းအား အကောင်းဆုံး ထိပ်တန်းတိုက်စစ်မှူး တစ်ဦးအဖြစ် ရပ်တည်ခဲ့သူ ဖြစ်သည်။

ထိုပွဲအပြီးတွင် မိုဗစ်ချ်အား သူသွင်းခဲ့သည့်ဂိုးမှာ ဂိုး ၂၅,၀၀၀ ပြည့်မြောက်သည့်ဂိုးဖြစ်ကြောင်း သိရှိသလားဟု မေးမြန်းခဲ့ရာတွင် ‘အာ့..ကျွန်တော်မသိခဲ့ပါဘူး။ ဂိုး နှစ်သောင်းခွဲသွင်းနိုင်တဲ့သူ ကျွန်တော်တစ်ယောက်ပဲ ရှိမယ်လို့ ထင်တယ်..’ ဟု ဖြေကြားသွားခဲ့သည်။

မိုဗစ်ချ်သည် ၇ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေရာမှ ယခုပွဲတွင် ပြန်လည်ဂိုးသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly