မြောက်ကိုရီးယား အပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု အမေရိကန်ပြုလုပ်

မြောက်ကိုရီးယား အပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု အမေရိကန်ပြုလုပ်

ဝါရှင်တန်၊ နိုဝင်ဘာ ၅ ။              ။ အမေရိကန်နိုင်ငံမှ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မြောက်ကိုရီးယားဘဏ်များကိုယ်စား ငွေစာရင်း ငွေစာရင်းများ ထားရှိပေးခြင်း သို့မဟုတ် ငွေစာရင်းများ ဖွင့်ပေးထားခြင်းကို နိုဝင်ဘာ ၄ ရက်က စ၍ တရားဝင် ပိတ်ပင်လိုက်သည်။

မြောက်ကိုရီးယားအနေဖြင့် ဖျက်အားပြင်းလက်နက်များ ဝယ်ယူခြင်းနှင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရာတွင် ငွေကြေးလွှဲပြောင်းမှုများအတွက် ကြားခံကုမ္ပဏီများနှင့် ကိုယ်စားလှယ်များကို အသုံးပြုနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြသည်။

“ဒီလိုငွေကြေးတွေကို အရှုပ်အထွေးကင်းတဲ့ ဘဏ္ဍာရေးစနစ်မှာ နေရာမပေးနိုင်ပါဘူး” ဟု အကြမ်းဖက်မှုများနှင့် ဘဏ္ဍာရေးထောက်လှမ်းမှုဆိုင်ရာဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်နိုင်ငံအစိုးရအနေဖြင့် မြောက်ကိုရီးယား ငွေကြေးအဖွဲ့အစည်းများ၏ ငွေလွှဲပြောင်းမှုများအပေါ် ယေဘုယျအားဖြင့် တားမြစ်ထားပြီးဖြစ်သည့်အပြင် ယခုပိတ်ဆို့သည် နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကို အထောက်အပံ့ဖြစ်စေရန်နှင့် မြောက်ကိုရီးယား၏ ဆောင်ရွက်မှုများနှင့် အမေရိကန်ဘဏ္ဍာရေးစနစ်တို့အကြား ဆက်နွှယ်မှုမရှိစေရန် ဆောင်ရွက်မှုဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly